မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ကထိန်ပွဲတော်ရှိတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်များလာ ရောက်မှုနည်းပါးသွားသလို ပဲအရောင်းအဝယ်လည်း တော်တော် လေး အေးနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပဲစင်းငုံ နီက ရက်ခြားသာ ရန်ကုန်အဝယ်ရှိပြီး ဈေးကတော့ တစ်ပိဿာ ၇၈၀ ကျပ် (တစ်တန်ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ တစ်ပတ်လုံးမှ အိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ကုလားပဲ(ထိုင်ဝမ်)ကို လည်း မြို့ခံပဲခွဲစက်တွေက ဝယ်လိုအားလျော့နည်းသွားတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၅၀ ကျပ်(တစ် တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background