နိုက်ဂျီးရီးယားက ၂၀၁၅ မှာ ဆန်တင်သွင်းမှုကို ပိတ်ပင်မယ်

နိုက်ဂျီးရီးယားနိုင်ငံဟာ အစိုးရရည်မှန်းချက်အရ ဆန် ဖူလုံလာတော့မှာဖြစ်လို့ ၂၀၁၅ မှာ ဆန်တင်သွင်းမှု ပိတ်ပင် လိမ့်မယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးမှ ဆိုပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ် ကပြည်တွင်းဆန်စပါး ကဏ္ဍ ကို ကာကွယ်ဖို့နဲ့ ပြည်တွင်းဆန်ထုတ်လုပ်မှုမြှင့်တင်ဖို့ ဆန် တင်သွင်းမှုအပေါ် အလျင်အမြန်ပိတ်ပင် လိုကြောင်း နိုက်ဂျီး ရီးယားဆန်စက်လုပ်ငန်းရှင်များနဲ့ ထုတ်လုပ်သူများမှ တောင်း ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီလို ပိတ်ပင်မှုကို တိုးတက် နေတဲ့ လူဦးရေနဲ့အညီ ပြည်တွင်းဆန်ဖူလုံတဲ့နိုင်ငံ ဖြစ်လာမှ သာ ဆောင်ရွက်မယ်လို့ ဝန်ကြီးမှ ဆိုပါတယ်။

ဆန်ဖူလုံမှသာ ဆန်တင်သွင်းမှုကို လုံးဝရပ်ဆိုင်းမှာဖြစ် လို့ တဖြည်းဖြည်းခြင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဝန်ကြီးမှ ပြည်တွင်းသတင်းဌာနကို ပြောကြားခဲ့တယ်လို့ oryza.com မှာဖော်ပြခဲ့ပါတယ်။ အစိုးရအနေနဲ့ ပြည်တွင်း ဆန် ထုတ်လုပ် မှု မြှင်တင်ရေး အတွက်အဆင့်များစွာ ဆောင်ရွက်နေတယ်လို့ လည်း ဆိုပါတယ်။ အစိုးရဟာ တောင်သူတွေကို အတိုးနှုန်း နည်းတဲ့ ချေးငွေနဲ့ ဓာတ်မြေသြဇာ၊ မျိုးစေ့၊ အခြားလယ်ယာ သုံးစက်ပစ္စည်းများ ထောက်ပံ့ဖို့ လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံဟာ ဆန်တန်ချိန် ၂ ဒသမ ၇ သန်း ဝန်းကျင်ထုတ်လုပ်ပြီး ၎င်းရဲ့ ပြည်တွင်းလိုအပ်ချက် တစ်နှစ် တန်ချိန် ၅ သန်းကျော်ကို ဖြည့်ဆည်းနိုင်ဖို့ တန်ချိန် ၂ ဒသမ ၅ သန်း ဝန်းကျင် တင်သွင်းနေရပါတယ်။       လဝန်း