ပြည်တွင်းပဲဈေးကွက် သီတင်း ၂ ပတ်ခန့် ငြိမ်နေရာမှ ပြန်လည်လှုပ်ရှားလာ

ပြည်တွင်းပဲဈေးကွက်မှာသီတင်း ၂ ပတ်ခန့် အရောင်းအဝယ် တန့် ဈေးငြိမ်နေရာမှ ယခုတစ်ပတ်နှောင်းပိုင်းမှာတော့ ပြည်ပ အဝယ်ပြန်ထွက်လာလို့ အရောင်းအဝယ်ပြန်  သွက်လက်လာ တယ်လို့ သိရပါတယ်။ အိန္ဒိယရူပီး တန်ဖိုးက ၂ ရာခိုင်နှုန်းလောက် ပြန်တက်လာတဲ့အပြင် အိန္ဒိယမှာ လည်း ဈေးပြန်တက်လာလို့ လက်ရှိမြန်မာမတ်ပဲ အနိမ့်ဈေးနဲ့ ပြန်ဆွဲလာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းအတွင်း မတ်ပဲဈေးက တစ်တန် ကျပ်နှစ် သောင်းကျော် ပြန်မြင့်လာခဲ့ပါတယ်။ မတ်ပဲတင်ပို့မှုက အပတ်စဉ် တန် တစ်သောင်းတစ်ပတ်လည် ရှိတာမို့ မနှစ်က ကာလတူထက် တော့ ပိုမိုတင်ပို့နေတာတွေ့ရပြီး ဇန်နဝါရီမတိုင်မီအထိတော့ မတ်ပဲဈေးကွက် တကျော့ပြန်ကောင်းလာနိုင်တယ်လို့လည်း ကုန် သည် တချို့က ခန့်မှန်းကြပါတယ်။

၂ လလောက်ထိ အဝယ်ပျောက်နေတဲ့ ပဲစင်းငုံကလည်း ယခု ရက်ပိုင်းမှာတော့ မတ်ပဲအရှိန်နဲ့ စုံစမ်းမှုတွေတော့ ရှိလာတယ်လို့ သိရပါတယ်။ လက်တွေ့အဝယ်နည်းသေးပေမဲ့ အိန္ဒိယရဲ့ ပဲအသစ် လှိုင်လှိုင်မထွက်မီ စပ်ကူးမတ်ကူးကာလမှာတော့ ပဲစင်းငုံလဲ အဝယ်ရှိလိမ့်ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးက အောက် တန်းကို ရောက်နေပြီဖြစ်လို့လည်း ဝယ်လိုအားရှိလာဦးမယ်လို့ သုံးသပ်ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ အပတ်စဉ်ပဲစင်းငုံ တင် ပို့မှုနည်းပေမဲ့ ဒီသီတင်းပတ်မှာတော့ အနည်းငယ် ပိုလာတာလည်း တွေ့ရပါတယ်။ ပဲတီစိမ်းကတော့ ပုံမှန်လေးပဲ အရောင်းအဝယ်ရှိနေပါတယ်။ ဒီတစ်ပတ်မှာ နယ်ဈေးကွက်အတွင်း တရုတ်အဆွဲရှိလာသလို ရန်ကုန်ဝယ်လက်တွေကလည်း ဝယ်ယူမှုအချို့ရှိလာတယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ဒီလပိုင်း ပြည်ဘက်က ဝင်လာတဲ့ ပဲတီစိမ်း တချို့ အရည်အသွေးနိမ့်လာတဲ့အတွက် ဈေးကတော့ ပိုမလာခဲ့ပါဘူး။ ဒီတစ်ပတ်အတွင်း ရန်ကုန်ဈေးကွက်မှာ တစ်တန် ကျပ် တစ် သောင်း- ငါးထောင်ဝန်းကျင်ေ လာက်လျော့ကျပြီး ကျပ် ၅၁၀၀၀၀ -၅၂၀၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အတွင်း အခြားပဲတွေဖြစ်တဲ့  ကုလားပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ပဲယင်း၊ ပဲကတ္တီပါတွေလည်း တင်ပို့မှု အနည်းငယ်စီ ပိုလာတာ တွေ့ရပါတယ်။ အခြားပဲတွေ တင်ပို့တာကတော့ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယားတို့ ကို တင်ပို့တာ တွေ့ရပါတယ်။ နိုဝင်ဘာလ ၂၃ ရက်အထိ တစ် ပတ်အတွင်းမှာတော့ ပဲစုစုပေါင်း တင်ပို့မှုက တန်ချိန် ၂ သောင်း ခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၃ ရက်အထိ စုစုပေါင်း ပဲမျုးိစုံတင်ပို့မှုမှာ တန်ချိန် ၉၂၀၀၀၀ ကျော်ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၅၈၇ သန်း ကျော်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှု တန်ချိန် ၉၅၅၀၀၀ ကျော်မှ ရရှိတဲ့ ကန်ဒေါ်လာ ၇၉၁ သန်းခန့်နဲ့ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၃ သောင်းကျော်လျော့ ကျပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ထိ ကြီးများ စွာ လျော့နည်းကျဆင်းကြောင်း သိရပါတယ်။ယမင်းခင်