Main menu

Background

ထိုင်းနယ်စပ်စခန်းများမှ ရေထွက်ကုန်ကန်ဒေါ်လာ ၃ သန်းကျော်ဖိုး တင်ပို့နိုင်

Mon, 12/03/2012 - 07:10 -- Anonymous (not verified)

မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၄၈ သန်းတန်ဖိုးရှိ ရေ ထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၅၃ တန်ကျော်၊ ပုစွန် ၂ တန် ကျော်၊ ကဏန်း ၁၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ထက် ကဏန်း ၁၁ တန် ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာ ၁ သန်းနီးပါးတန်ဖိုးရှိ ငါးမျိုးစုံ ၁၂၃၄ တန် ကျော်၊ ပုစွန် ၇ တန်၊ ကျောက်ပုစွန် ၁ တန်နီးပါး၊ ကဏန်း ၄ တန် ကျော်၊ ငါးဆားနယ် ၃၁ တန်ကျော်၊ ကင်းမွန် ၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး၊ ယခင်အပတ်ထက် တန် ၄၇၀ ကျော်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၅၉၈ တန်ကျော်၊ ရေ ငန်ပုစွန် တန် ၂၀ ကျော်၊ ကဏန်းသေး (အပျော့) ၇ တန် နီးပါး၊ ငါးမှုန့် ၅၈ တန်ကျော်၊ ပုစွန်ခြောက် ၄ တန်ကျော်၊ အေးခဲပုစွန် တန် ၂၀ ကျော်၊ အေးခဲကဏန်းပျော့ ၂၃ တန် ကျော်၊ ငါးခြောက် ၆ တန်ကျော်၊ အေးခဲ ကဏန်းနီ ၂၉ တန်ကျော်၊ အေးခဲရေငန်ပုစွန် ၁၁ တန်နီးပါး၊ အေးခဲကင်းမွန် ၃၅ တန်ကျော်၊ ရွံ့ကဏန်း ၀ ဒသမ ၅ တန်၊ ကင်းမွန်ကောင် လုံးသန့် ၅ တန်ကျော်၊ ကင်းမွန်အသားလွှာ ၄ တန်ကျော်၊ ကင်းမွန်ခေါင်း ၃ တန်နီးပါး၊ ငါးအသားလွှာ ၂၄ တန်တင်ပို့ နိုင်ခဲ့ပါတယ်။ ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများအနေနဲ့ ယခုအပတ် မှာ ရေထွက်ကုန် ၃၂၁၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ခင်မြနွယ်၊ MIRT (DOBT)