Main menu

Background

အိန္ဒိယနယ်စပ်မှ ကွမ်းသီးခြောက် ပိုမိုတင်ပို့

Mon, 12/03/2012 - 07:14 -- Anonymous (not verified)

တမူးနယ်စပ် ကုန်သွယ်ရေးနဲ့ရိဒ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်းဖိုးရှိ ကွမ်းသီးခြောက် ၃၇၉ တန် နဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၈ သန်းဖိုးရှိတဲ့ ကွမ်းသီးခြောက် ၃၇ တန်ကျော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလ အတွင်းမှာ တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်အပတ်က ထက် ၂၈၅ တန်ကျော်ပိုမိုတင်ပို့ခဲ့တဲ့ အတွက် သုံးဆကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ကွမ်းသီးခြောက်နဲ့အတူ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းဖိုးရှိ ကွမ်းသီးစို ၆၁ တန်ကိုလည်း တင်ပို့နိုင်ခဲ့တယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေး မှ သိရပါတယ်။              ခင်မိုးသူ၊ MIRT (DOBT)