မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းဟာ နိုဝင်ဘာလအတွင်း တစ်ပတ်ထက်တစ်ပတ်ရေထွက်ကုန်ပိုမိုတင်ပို့လာ နိုင်ပြီဖြစ်ပါတယ်။ ယခင်အပတ်က တန် ၁၀၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့ ရေထွက်ကုန် ကို ယခုအပတ် နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်းမှာ တန် ၃၀၀ ကျော်တင် ပို့ နိုင်ခဲ့တဲ့အတွက် တန် ၂၀၀ နီးပါးပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ အမယ်တွေကတော့ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၅၉ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၂၃၄ တန်ခန့်၊ ငါးနီတူခြောက် ၅ တန်၊ ငါးကုန်းညိုခြောက် တန် ၂၀ နဲ့ ငါးစုံလေးခြောက် ၄၃ တန်ခန့်ပဲ ဖြစ်ပါတယ်။
စစ်တွေစခန်းအနေဖြင့်လည်း ယခုအပတ်မှာ တန်ဖိုးကန်ဒေါ်လာသုညဒသမ ၁၅၀ သန်းတန်ဖိုးရှိ ရေချိုငါး ၁၄၄ တန်နဲ့ ငါးနီတူခြောက် ၁ တန်တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခင်အပတ်ထက် တန် ၅၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးအနေနဲ့ ရေထွက်ကုန် ၄၄၆ တန်ခန့်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၃၀၉ သန်း တန်ဖိုးတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ထက် ၂ ဆကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ယဉ်ယဉ်အေး၊ MIRT (DOBT)