Main menu

Background

၂၀၁၃ မှာ ထိုင်းနိုင်ငံက သကြားတင်ပို့ဖို့ တန်ချိန် ၇ သန်းခန့် ရရှိနိုင်မယ်

Wed, 12/05/2012 - 05:00 -- Anonymous (not verified)

ကမ္ဘာမှာ ဒုတိယသကြားအများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံဟာ ပြည်တွင်း စားသုံး ဖို့ တန်ချိန် ၂ ဒသမ ၃ သန်းလျာထားပြီးတဲ့အပြင် နောက်နှစ်ပြည်ပတင်ပို့ဖို့ တန်ချိန် ၇ သန်းဝန်းကျင် ရရှိနိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံ ကြံနဲ့ သကြားအဖွဲ့ရုံး OCSB မှ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပြောကြားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ ၂၀၁၂-၁၃ ရိတ်သိမ်းမှုကို နိုဝင်ဘာလ ၁၅ ရက်မှာ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ သကြားတန်ချိန် ၅၆၀၀၀ ဝန်းကျင်  ထုတ်လုပ်ပြီးသွားပြီလို့လည်း သိရပါတယ်။

၂၀၁၂-၁၃ မှာ သကြားထွက်ရှိမှုက တန်ချိန် ၉ ဒသမ ၄သန်းခန့်ရှိမယ်လို့ မျှော်မှန်းထားပြီးေ နာက်နှစ်  ပြည်ပတင်ပို့မှု တန်ချိန် ၇ သန်းဝန်းကျင်ကျန်ရှိမယ်လို့ OCSB အထွေထွေအတွင်းရေးမှူး Somsak  Suwattiga  မှ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ပုံမှန်အားဖြင့် ပြည်တွင်းဈေးကွက်ကိုတာ A အနေနဲ့တန်ချိန် ၂ ဒသမ ၂ သန်းမှ ၂ ဒသမ ၄ သန်းကြား သတ်မှတ်ပြီး၊ ကျန်တဲ့ ပမာဏကို ပြည်ပ တင်ပို့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံက တန်ချိန် ၆ ဒသမ ၇၁ သန်းအထိ စံချိန်တင် တင်ပု့ိထားပြီး၊ ၂၀၁၂ မှာ တန်ချိန် ၇ ဒသမ ၇ သန်းဝန်းကျင် တင်ပို့နိုင် မယ်လို့ မျှော်လင့်ထားကြောင်း ကုန်သည်များနဲ့ OCSB အရာရှိများက ဆိုပါတယ်။ ဝယ်လိုအားကောင်းနေတာကြောင့် အထူးသဖြင့် အာရှက ဝယ်လိုအား ကောင်းလို့ ထိုင်းရဲ့တင်ပိ့ုမှုကလည်းဆက်ပြီး အားကောင်းနိုင်ဖွယ်ရှိတယ်လို့ မျှော်လင့် ထားကြောင်းလည်း ၎င်းတို့က ဆိုပါတယ်။ အာရှနိုင်ငံအတွင်းက ဝယ်လက်တွေရှိနေ လို့ နောက်နှစ်သကြားရောင်းချဖို့ မစိုးရိမ်ဘူးလို့ ဘန်ကောက်အခြေစိုက်ကုန်သည် တစ်ဦးက ဆိုပါတယ်။ သကြားဈေးကျဆင်းခြင်းက အဓိကတရုတ်နိုင်ငံလို ဝယ်လက် တွေအတွက် သိုလှောင်စုဆောင်းဖို့ တွန်းအားဖြစ်စေတာကြောင့် ဝယ်လိုအား ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ နယူးယောက်မှာ မတ်လပို့ရမယ့်သကြားကြမ်းဈေးက သုည ဒသမ ၀၇ ရာခိုင် နှုန်း ကျဆင်းပြီး၊ နိုဝင်ဘာလ ၂၈ ရက်မှာ တစ်ပေါင်ကို ကန်ဒေါ်လာ ၁၉ ဒသမ ၁၆ ဆင့် (တစ်တန် ကန်ဒေါ်လာ ၄၂၂)ရှိခဲ့ပါတယ်။ အဲဒီ ပမာဏဟာ ၂၀၁၁ ဖေဖော်ဝါရီလမှာ နှစ် ၃၀ အတွင်း အမြင့်ဆုံးဈေးဖြစ်ခဲ့တဲ့ တစ်ပေါင် ကန်ဒေါ်လာ ၃၆ ဒသမ ၀၈ ဆင့် (တစ်တန် ကန်ဒေါ်လာ ၇၉၅)ရဲ့ ထက်ဝက်ဈေးသာရှိပါတယ်။ ယခုနှစ် ဇန်နဝါရီလနဲ့ သြဂုတ်လအတွင်း ထိုင်းနိုင်ငံက သကြားတန်ချိန် ၆ ဒသမ ၅ သန်းတင်ပို့ထားနိုင် လို့ ပြီးခဲ့တဲ့နှစ် ကာလတူ တင်ပို့မှု တန်ချိန် ၅ ဒသမ ၅ သန်းထက် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ သကြားတင်ပို့ မှု မြင့် တက်ရခြင်းမှာ တရုတ်အဝယ်များတာကြောင့်လို့ ကုန် သည် များက ဆိုပါတယ်။ ယခုနှစ်လက်ရှိ အချိန်ထိ ထိုင်းသကြား တန်ချိန် ၉၃၄၀၀၀ ကို တရုတ်က ဝယ်ယူခဲ့ရာ ပြီးခဲ့တဲ့နှစ် ကာလတူ အတွင်း ဝယ်ယူခဲ့တဲ့ ပမာဏ ၂၃၉၀၀၀ ထက်   ၄ ဆနီးပါး ပိုမိုတယ်လို့ OCSB စာရင်းများအရ သိရပါတယ်။ယမင်းခင်