Main menu

Background

တရုတ် ရော်ဘာကုန်သည်များက ထိုင်းနှင့် ဗီယက်နမ်မှ ရော်ဘာကိုသာ ပိုမိုတင်သွင်းလျက်ရှိ

Wed, 12/05/2012 - 07:01 -- Anonymous (not verified)

နိုဝင်ဘာလ ၂၃ ရက်နေ့မှ စပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်း တွေက ပြန်လည်ကျဆင်းလာတယ်။ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း များ ပြန်လည်ကျဆင်းလာခြင်း၊ ဂျပန်နိုင်ငံဆိပ်ကမ်းတွေမှာ ရော်ဘာသိုလှောင်ထားမှု ပမာဏက နှစ်လအတွင်း အမြင့်ဆုံး ပမာဏကို ရောက်ရှိလာခြင်းတို့က ရော်ဘာဈေးနှုန်းအပေါ် သက်ရောက်မှု  ရှိစေတယ်လို့   ထိုင်းရော်ဘာအသင်းက ရရှိတယ့် သတင်းတစ်ရပ်အရ သိရတယ်။ ဒါ့ကြောင့် နိုဝင် ဘာလ ၂၀ ရက်နေ့က တစ်တန်ကို ၂၉၉၈ ဒေါ်လာ နှုန်းထား မှာရှိနေတဲ့ ထိုင်းရော်ဘာRSS-5  (မှိုင်းခံရော်ဘာ အဆင့် ၅) က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တစ်တန်ကို ၂၉၈၁ ဒေါ်လာအထိ ၁၉ ဒေါ်လာ ဈေးကျလာတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတိုးတက်လာ ခြင်းက ရော်ဘာဈေးနှုန်းမြင့်မားလာစေဖို့ အချက် တစ်ချက် ဖြစ်လာတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ အဓိကစက်မှုလုပ်ငန်း ကြီးတွေရဲ့ အမြတ်ငွေက အောက်တိုဘာလ အတွင်း တိုး တက် မြင့်မားလာတဲ့အတွက် ၂၀၁၂ ခုနှစ် ပထမ ၁၀ လအတွင်း  အမြတ်ငွေရရှိမှု တိုးတက်ခဲ့တယ်လို့ အမျိုးသားစာရင်းအင်း ဗျူရိုက စာရင်းထုတ်ပြန်ထားတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှု အများဆုံးဖြစ်တဲ့တရုတ်နိုင်ငံဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ ရော်ဘာ တင်သွင်းမှု ဟာ ၂၀၁၁ ခုနှစ် အလားတူကာလက တင်သွင်းမှုထက် ၅ ဒသမ ၆ ရာခိုင်နှုန်းပိုမိုခဲ့ပြီး တန်ချိန် ၁ ဒသမ ၇၅ သန်းအထိ တင်သွင်းခဲ့တယ်လို့ သိရတယ်။ ယခုအခါ ထိုင်းနိုင်ငံမှ ရော်ဘာကိုတိုးမြှင့် တင်သွင်း နေတယ်လို့သိရတယ်။ ရှန်ဟိုင်းရှိ ရော်ဘာ ကြိုပွိုင့်ဈေး နှုန်း တွေက ထိုင်းနိုင်ငံမှ ရော်ဘာလက်ငင်းရောင်းဈေးနှုန်းထက် မြင့်မားနေတာကြောင့် ယခုလို တင်သွင်းမှုများ လာတာဖြစ်ပါ တယ်။ ဒါ့ပြင် တရုတ်အစိုးရဟာ ပြည်တွင်းရော်ဘာဈေးနှုန်းကို မြှင့်တင်ဖို့ ရော်ဘာများသိုလှောင်ထားလိမ့်မယ်လို့ ခန့်မှန်းလာ ကြခြင်းကြောင့် တရုတ်ရော်ဘာကုန်သည်တွေဟာ ထိုင်းနဲ့ ဗီယက်နမ်က ရော်ဘာတွေကိုပိုမိုဝယ်ယူ ကြတယ်လို့ဆိုပါ တယ်။ ရှန်ဟိုင်းမှ တစ်ဆင့်ရော်ဘာဝယ်ယူခြင်းထက် ထိုင်း ရော်ဘာတင်သွင်းခြင်းက တန်ဖိုးမြှင့် အကောက်ခွန်၊ သွင်းကုန် ခွန်နဲ့ အခြားကုန်ကျစရိတ်မျာ တွက်ချက်အပြီး တစ်တန်ကို ၅၀၀ ယွမ် အမြတ်ကျန်တယ်လို့ သိရတယ်။ ဒါ့ကြောင့် ထိုင်း နဲ့ ဗီယက်နမ်က ရော်ဘာတွေကိုသာ ပိုမိုတင်သွင်းနေတယ် လို့ သိရတယ်။              ပပ