ပုဂံနဲ့ မန္တလေးမြို့မှာ ဧည့်လမ်းညွှန်သင်တန်း ဖွင့်လှစ်မည်

ပုဂံညောင်ဦးနဲ့ မန္တလေးမြို့တို့မှာ ဧည့်လမ်းညွှန်သင်တန်းဖွင့်လှစ်မယ်လို့ ယခုလ ၂၅ ရက်နေ့က ဧည့်လမ်းညွှန်များ၊ ဟိုတယ်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဟိုတယ်နှင့် ခရီးသွားလာရေးလေုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ ပြည်တွင်းသို့ ခရီးသွားဧည့်များ ပိုမိုဝင်ရောက်လျက်ရှိရာ ဧည့်လမ်းညွှန်များ လုံလောက်မှုရှိစေရန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှဦးစီးကာ ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း၊ သင်တန်းကို ဧည့်နည်းရာသီချိန်ဖြစ်တဲ့ တန်ခူးလ နောက်ပိုင်းမှာ သင်တန်းပေးနိုင်ရန်နဲ့ သင်တန်းကာလမှာ နှစ်လကြာသင် တန်းဖွင့်လှစ်ပေးမှာဖြစ်ကြောင်း၊ သင်တန်းကို အခြေခံ ပညာအထက်တန်းအောင်မြင်သူ မည်သူမဆို တက်ရောက်ခွင့် ရှိမှာဖြစ်ကြောင်းနဲ့ သင်တန်းဆင်းပါက Certificate လက်မှတ် ချီးမြှင့်ပေး မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်) အတွင်းရေးမှူး ကိုဝင်းဇော်ဦးနဲ့ အလုပ်အမှုဆောင် အဖွဲ့ တို့တက်ရောက်ပြီးဆွေးနွေးကြရာ၊ မန္တလေးမြို့မှာ ဧည့်လမ်းညွှန်လိုင်စင်ကိုင်ဆောင်ထားသူ အသင်းဝင် ၁၂၈ ဦးရှိသော် လည်း အမှန်တကယ်လမ်းကြောင်းပေါ် ဆောင်ရွက်နေသူ ၈၀ ဝန်းကျင်သာရှိကြောင်း၊ လိုင်စင်မရှိသူများ ခေါ်ယူသုံးစွဲနေ ခြင်းများရှိပါကြောင်း၊ လိုင်စင်လွယ်လွယ်ကူကူနဲ့ ဆောင်ရွက်လို့ရပါက အဆင်ပြေနိုင်ကြောင်း၊ ဧည့်လမ်းညွှန်လိုင်စင်ကို ရန်ကုန် တွင်သာ သင်တန်းပေးနေခြင်းကြောင့် မန္တလေးမြို့မှ တက်ရောက်ရသူနည်းလို့ လိုင်စင်ရရန် အခက်အခဲရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့ ပါတယ်။            ဇူးဇူး-မန္တလေး