နွားမွေးမြူသူများ ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချနိုင်ပြီ
နွားမွေးမြူသူများ ပြည်ပကို တင်ပို့ ရောင်းချလိုပါက မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ အထူးအဖွဲ့ ဖွဲ့စည်းပြီး၊ စစ်ဆေးဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ အောင်ကြီးက ပြောပါတယ်။ "အများ ပိုင်ကုမ္ပဏီဖွဲ့စည်းကာ၊ မွေးမြူရေးလုပ် ငန်းလုပ်ပြီး ပြည်ပကို တရားဝင်တင်ပို့ နိုင်ဖို့ နောက်ပိုင်းမှာ အထူးအဖွဲ့ ဖွဲ့ဖို့ စီစဉ်နေပါတယ်။ မှောင်ခိုတင်ပို့စရာ မလိုတော့ေ အာင် ဆောင်ရွက်ပေးမှာ ပါ။ အထူးအဖွဲ့က တိရစ္ဆာန်အစာ ကျွေး မွေးမှုပုံစံ၊ ရောဂါကင်း၊ မကင်းကို မသတ်ဖြတ်ခင်စစ်ဆေးပါမယ်။ ရောဂါ ကင်းမှ သတ်ခွင့်ရှိပါတယ်။ တိရစ္ဆာန် ရောဂါ ကာကွယ်ဆေး ထိုးထားရင် လည်း တစ်ပတ်အတွင်း မစားရလို့ သတ်မှတ်ပေးတာမျိုး၊ သတ်ပြီး အသား စိမ်းစစ်ဆေးပြီးမှ ရောင်းချခွင့်ပေးတာ မျိုး ဆောင်ရွက်ပေးပါမယ်။ ပြည်တွင်း ရော ပြည်ပပါစစ်ဆေးပြီးမှ စားသုံးသင့်၊ မသင့်ကျန်းမာရေးထောက်ခံချ က်ဆောင် ရွက်ပေးပါမယ်"လို့ အထက်ပါပုဂ္ဂိုလ် က ပြောပါတယ်။
မန္တလေးမြို့အနီးမှာ ပြည်ပကို နွား တင်ပို့နိုင်ရေးအတွက် သာလွန်အသား တိုး နွားမွေးမြူရေးခြံတစ်ခြံသာ စုပေါင်း မွေးမြူမှုရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှ နွားနဲ့အမဲသားများကို ခွာနာလျှာနာကင်းရှင်းတဲ့ နိုင်ငံမဟုတ် လို့ တရုတ်နိုင်ငံမှ တင်သွင်းခွင့် ပိတ် ပင်ထားကြောင်း သိရပါတယ်။ လက်ခံ ဝယ်ယူလိုတဲ့နိုင်ငံများအတွက် စစ်ဆေး ပေးမှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး
