Main menu

Background

ပဲခူးတက္ကသိုလ်ဝင်းအတွင်း ဆောက်လုပ်မှုရပ်နားထားသော တက္ကသိုလ်စုဝေးခန်းမဆောင်ကြီး ပြန်လည်တည်ဆောက်ပြီ

Wed, 12/05/2012 - 07:19 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီးတွင် တစ်ခုတည်းသာရှိသည့် ပဲခူးတက္ကသိုလ် ကြီးကို တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါများနှင့် ကိုက်ညီစေရေး၊ လိုက်လျော ညီထွေရှိစေရေးအတွက် ပဲခူးဒီဂရီကောလိပ်ခေတ်ကာလက ရန်ပုံငွေခွဲဝေရ ရှိမှုအပေါ်မူတည်ပြီး စုဝေးခန်းမတည်ဆောက်မှုကို ရပ်နားထားခဲ့ရာမှ ယခု အခါ ယင်းခန်းမဆောင်ကြီး၏ မပြီးပြတ်သေးသော တည်ဆောက်ရေးလုပ် ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သည်။

ပဲခူးတက္ကသိုလ်စုဝေးခန်းမဆောင်ကြီး တည်ဆောက်ရေးလုပ်ငန်းများ ကိုဆောက်လုပ်ရေးဝန်ကြီးဌာနပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းအဆောက် အဦးဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့ (၂) ရန်ကုန် (သင်္ဃန်းကျွန်း)မှ ပဲခူးတက္ကသိုလ်စုဝေးခန်းမ (Assembly Hall) တည်ဆောက်ခြင်းလုပ်ငန်းကို ဦးစီး၍ တည်ဆောက်နေခြင်းဖြစ်သည်။ ပဲခူးတက္ကသိုလ်စုဝေးခန်းမ (Assembly Hall) တည်ဆောက်ခြင်းလုပ်ငန်းကို လက်ထောက်အင်ဂျင်နီယာ မြို့ပြ (၃) က အနီးကပ်ကြီးကြပ်မှုပြုကာ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်သည်။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၁၉၉၆-၁၉၉၇ နှင့် ၂၀၀၄- ၂၀၀၅ ဘဏ္ဍာရေးနှစ်များမှစတင်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး ပညာရေးဝန်ကြီးဌာနမှ တည်ဆောက်မှုစီမံကိန်း သတ်မှတ်ပေးသော (က) ပဲခူးဒီဂရီကောလိပ်  စုဝေးခန်းမဆောင်ကြီးနှင့် (ခ) ခေတ်မီတက္ကသိုလ် စာကြည့်တိုက်တို့ကို တည်ဆောက်ခဲ့ရာ ရန်ပုံငွေခွဲဝေမှု မရှိတော့သဖြင့် ဆောက်လက်စလုပ်ငန်းများကို ရပ်နားထားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ပဲခူးတက္ကသိုလ်အနေဖြင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ် အင်္ဂါရပ်နှင့်အညီကျင်းပရတော့မည်ဖြစ်ရာ ယခုတည်ဆောက်လျက်ရှိသော စုဝေးခန်းမဆောင်သစ်ကြီး တည်ဆောက်မှုလုပ်ငန်းပြီးစီးသွားပါက ဘွဲ့နှင်း သဘင်ဆောင်အဖြစ် အသုံးပြုသွားနိုင်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများနှင့် ရပ်မိရပ်ဖများတို့မှာ အလွန်မှဝမ်းသာ ကြည်နူးလျက်ရှိကြောင်းသိရသည်။           နီလာဝင်း (ရွှေသွေးကြီး)