Main menu

Background

မန္တလေး ဆောက်လုပ်ရေးပစ္စည်းဈေးကွက်

Wed, 12/05/2012 - 07:21 -- Anonymous (not verified)

မန္တလေးတိုင်း  ဒေသကြီးအတွင်း မြို့နယ်များအလိုက် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ပြုပြင်မှုလုပ်ငန်းများ'အား အရှိန်အဟုန်နဲ့ တည်ဆောက်လျက်ရှိပြီး၊ ပစ္စည်းဝင်ရောက်မှုနဲ့ သုံးစွဲမှုမျှတမှုတို့ ကြောင့် ဈေးနှုန်းတည်ငြိမ်လျက် ရှိပါ တယ်။

တည်ဆောက်ရေး  လုပ်ငန်းများရဲ့ အခြေခံကုန်ဖြစ်တဲ့ အုတ်၊ ထုံး၊ သဲ၊ ကျောက်၊ ဈေးနှုန်းကလည်း ယခင်လနဲ့ ယခု နိုဝင်ဘာလအတွင်း  ဈေးနှုန်း ပြောင်းလဲခြင်းမရှိဘဲ သဲတစ်ကျင်း ကျပ် ၁၂၀၀၀၊ ထုံးတစ်အိတ် ကျပ် ၂၅၀၀ ၊ ကျောက်တစ်ကျင်း ကျပ် ၃၄၀၀၀ နဲ့ ရှိခဲ့ပါတယ်။  ဘိလပ်မြေဈေးအနေနဲ့ ပြည်တွင်းထုတ်  A.A.A သုံးလုံးဟာ  ယခုနိုဝင်ဘာလကုန်ပိုင်း ၅၅၀၀ ကျပ်မှ ၅၆၀၀ ကျပ်ထိ ရှိနေပြီး မြန်မာဆင် တစ်အိတ် ၅၀၀၀ ကျပ်၊ ဆင်မင်း ၅၀၀၀ ကျပ်၊ မြင်းခေါင်း ၄၇၀၀ ကျပ်နဲ့ ကျား ခေါင်း ၅၀၀၀ ကျပ်ဈေးတို့နဲ့ ရောင်းချ ပြီး၊ ပြည်ပတင်သွင်းတဲ့ ထိုင်းနိုင်ငံလုပ် စိန်တံဆိပ်နဲ့ ဆင်တံဆိပ် ဘိလပ်မြေ ဈေးဟာ တစ်အိတ်ကို  ယခင်လနှုန်း အတိုင်း ယခု နိုဝင်ဘာကုန်ရက်မှာ ၅၉၀၀ ကျပ်ဈေးနှုန်းနဲ့   အသီးသီး အရောင်းအဝယ်ဖြစ်ကြောင်း   သိရပါ တယ်။            လွင်အေး-မန္တလေး