ကုန်တင်ယာဉ်များ ကုန်တင်ဆောင် ရာမှာ ခွင့်ပြုတန်ချိန်ကို ကာလလိုက် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရ ပါတယ်။ ကုန်တင်ဆောင်ခွင့် တန်ချိန် ပြောင်းလဲလိုက်တဲ့ ကာလများမှာ မေ လ ၁၆ ရက်မှ စက်တင်ဘာလ ၃၀ ရက် အထိ မိုးတွင်းကာလနဲ့ အောက်တိုဘာ လ ၁ ရက်မှ မေလ ၁၅ ရက်အထိ နွေ ကာလသတ်မှတ်ပြီး ယာဉ်အမျိုးအစား အလိုက် ပြောင်းလဲသတ်မှတ်လိုက်ပါ တယ်။ ခွင့်ပြုထားတဲ့ တန်ချိန်ထက် ပိုမို တင်ဆောင်လာပါက သတ်မှတ်ကျသင့် ငွေအပြင် ပိုမိုတင်ဆောင်လာတဲ့ တန် များအတွက် ၁ တန်ကို တစ်မိုင်အခြေခံ စံနှုန်းရဲ့ ၁၀ ဆဖြစ်တဲ့ ၄၀၀ ကျပ်နှုန်းနဲ့ တွက်ပြီး၊ ဒဏ်ကြေးအဖြစ် ထပ်ပေါင်း ကောက်ခံမှာဖြစ်ကြောင်း၊ ၎င်းဒဏ် ကြေးအတွက် ခွဲခြားဖြတ်တောက်မရ တဲ့ စက်ပစ္စည်းများအတွက် သယ် ဆောင်နိုင်ဖို့ ခွင့်ပြုခြင်းဖြစ်ကြောင်း သိရ ပါတယ်။
စိန်ထိပ်တန်း ကုန်စည်ပို့ဆောင်ရေးမှ ဂိတ်ပိုင်ရှင်က "တန်ချိန် ပြောင်းလဲသတ် မှတ်ကောက်ခံပေမယ့် ကားခ ဈေးမ တက်ပါဘူး။ အရောင်းအဝယ်ပေါ် မူ တည်ပြီးမှ ဈေးပြောင်းလဲမှာပါ။ တင်ပို့ လိုအားပေါ်မူတည်ပြီးမှ ကားခ ပြောင်း လဲမယ့် ၁၂ ဘီးနဲ့ ၁၀ ဘီးကားပေါ်မှာ တန်ချိန်တိုးတင်ခွင့်ပြုလာတော့ တာ ယာပြန်ပြောင်းတင်လာကြတယ်" လို့ ပြောပါတယ်။ကုန်တင်တန်ချိန် ပြောင်းလဲတင် ဆောင်ခြင်းကို ၂၀၁၅ ခုနှစ်မှာ ခွင့် ပြုမယ့်ကုန်တင်ဆောင်ခွင့် တန်ချိန် အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ် ကြောင်း၊ တန်ချိန်ပြောင်းလဲသတ်မှတ် ကောက်ခံမယ့် နှုန်းများကို ဒီဇင်ဘာ ၁ ရက်မှစပြီး သတ်မှတ်မှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး
