Main menu

Background

စင်ကာပူအလုပ်သမားများ အလုပ်အကိုင်ရရှိမှုနှုန်းမြင့်တက်

Wed, 12/05/2012 - 07:33 -- Anonymous (not verified)

အလုပ်အကိုင်သစ် ဖန်တီးမှု မြင့် မားလာခြင်းနဲ့ အမျိုးသမီးတွေနဲ့ အ သက်အရွယ်ကြီးရင့်တဲ့လုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်တဲ့နှုန်းမြင့်မားလာတဲ့ အတွက် ယခုနှစ်အတွင်းမှာစင်ကာပူ နိုင်ငံသားအလုပ်သမားတွေအလုပ် အကိုင်ရရှိမှုစံချိန်သစ် တင်ကြောင်း AFP သတင်းတစ်ရပ်မှာ ဖော်ပြထား ပါတယ်။

စင်ကာပူပြည်တွင်းလုပ်သားတွေ ပါဝင်မှုနှုန်းက ၂၀၁၁ ခုနှစ်က ၆၆ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ ၉၆ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ စင်ကာပူ လူအင်အားဝန်ကြီးဌာန၊ လူအင်အား သုတေသနနဲ့စာရင်းအင်းဌာနခွဲက "နိုဝင်ဘာ ၃၀ ရက်မှာ ၂၀၁၂ စင်ကာပူ လုပ်သားအင်အား" ဆိုတဲ့ အစီရင်ခံစာ မှာအသစ်တွေ့ရှိချက်တွေကိုဖေါ်ထုတ် နိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေက ယခုနှစ် နှစ် လယ်ကပြုလုပ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ဘက်စုံ အလုပ်သမားအင်အားစုစစ်တမ်းကို အခြေခံထားတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ဇွန်မှာ စင်ကာပူနိုင်ငံသားလုပ် သားအင်အား ၂ ဒသမ ၁၂ သန်းရှိပါ တယ်။ ဒီအထဲမှာအမျိုးသား ၁ ဒသမ ၁၈ သန်း (၅၆ ရာခိုင်နှုန်း) နဲ့အမျိုးသမီး သုည ဒသမ ၉၄ သန်း (၄၄ ရာခိုင်နှုန်း) ပါဝင်ပါတယ်။ ဈေးကွက်အခြေအနေတင်းကျပ် မှုနဲ့ ပြန်လည်အလုပ်ခန့်ထားရေးကို သက်ကြီးနိုင်ငံသားတွေအလုပ်ပြန် လုပ် နိုင်ဖို့အစီအမံတွေနဲ့ ယခုနှစ်နှစ်ဦးပိုင်း ဆောင်ရွက်ခဲ့တဲ့ အလုပ်အကိုင်ခန့်ထား ရေးအထူးချေးငွေစတဲ့ အစီအစဉ်တွေ ကြောင့်သက်ကြီးအလုပ်သမားတွေအ လုပ်အကိုင်ပြန်ရတဲ့နှုန်းအများကြီးမြင့် မားခဲ့ပါတယ်။