Main menu

Background

မြေပဲမှထောပတ်ထုတ်တဲ့ စက်ရုံကို အမေရိကန် FDA က ခေတ္တရပ်ဆိုင်း

Wed, 12/05/2012 - 07:35 -- Anonymous (not verified)

အမေရိကန်နိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့မြေပဲမှ ထောပတ်ထုတ်တဲ့စက်ရုံတစ် ရုံရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို အစားအစာနဲ့ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့ (FDA) ကခေတ္တရပ်ဆိုင်းဖို့အမိန့်ထုတ်ပြန်ပါတယ်။ ၂၀၁၁ ခုနှစ်အစား အစာ ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေအရ အသစ်ခန့်အပ်လိုက်တဲ့ အာဏာပိုင် အဖွဲ့ယခုလိုဆာလ်မိုနယ် လာ အဆိပ်သင့်မှုကိုအရေးယူဆောင်ရွက်တာက ပထမအကြိမ်အရေးယူဆောင်ရွက် တာဖြစ်ကြောင်း အေပီသတင်း တစ်ရပ်မှာ ဖေါ်ပြတဲ့အတွက်ယခုလိုဆောင်ရွက်တာ ဖြစ်ပါတယ်။ နယူးမက္ကဆီကိုပြည်နယ် ရှိ ဆန်းလင်းကုမ္ပဏီ ကထုတ်လုပ်ပြီး ထရိတ်ဒါဂျိုးက ရောင်းချတဲ့ ထောပတ်မြေ ပဲကြောင့် ပြည်နယ် ၂၀ မှာကလေးငယ် အများစု အပါအဝင်လူ ၄၁ ဦးအ ဆိပ်သင့်ပြီးနောက် FDA ကစစ်ဆေးခဲ့ရာမှ ဆယ်လ်မိုနာကိုတွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။ ဆန်းလင်းကုမ္ပဏီရဲ့မှတ်ပုံတင်ကို နိုဝင်ဘာ ၂၇ ရက်ကခေတ္တရပ်ဆိုင်း ခဲ့ပြီး ကုမ္ပဏီရဲ့အစားအစာ ထုတ်လုပ်ဖြန့်ချိမှု ကို တားမြစ်ခဲ့ပါတယ်။

ထုတ်လုပ် သို့မဟုတ် ထိန်းသိမ်းထားတဲ့ အစားအစာမှာ ကျန်းမာရေး ပြဿနာ သို့မဟုတ်သေဆုံး မှုကိုပြင်း ပြင်းထန်ဖြစ်စေခြင်းခိုင်လုံတဲ့အကြောင်း ပြချက်ရှိရင် ကုမ္ပဏီရဲ့ မှတ်ပုံတင်ကို ယာယီပိတ်သိမ်းဖို့အစား အစာ ဘေး ကင်းရေး ဥပဒေက FDA  ကိုအခွင့် အာဏာပေးထားပါတယ်။ အစားအစာ ဘေးကင်းရေးဥပဒေ ကိုမထုတ်ပြန်မီ ယခင်နှစ်ကကုမ္ပဏီရဲ့ မှတ်ပုံတင်ကို ယာယီရပ်ဆိုင်းမယ်ဆိုရင် FDA က ကုမ္ပဏီကို တရားစွဲဆိုရမှာ ဖြစ်ပါတယ်။ "ဘေးအန္တရာယ်ကင်းတဲ့ ထုတ်လုပ်နိုင်တဲ့အထိ သူတို့က ကာကွယ်ရေး အစီအမံတွေအကောင်အ ထည်ဖော်ပြီးပြီလို့ကျွန်တော်တို့မဆုံးမဖြတ်မချင်း စက်ရုံတွေကထုတ်ကုန်တွေကိုထုတ်လုပ် မှာမဟုတ်ဘူးဆိုတာ စားသုံးသူတွေကို အာမခံချက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်"  ဟု FDA ရဲ့လက်ထောက် ကော် မရှင်နာ မိုက်ကယ်တေလာက ပြောပါတယ်။