Main menu

Background

ထိုင်းဘဏ်များက SME များကို အနီးကပ်စောင့်ကြည့်လာ

Wed, 12/05/2012 - 07:39 -- Anonymous (not verified)

ထိုင်းကုမ္ပဏီတချို့က ဘဏ်ချေး ငွေကိုအသုံးပြုတဲ့အခါ အတည်ပြုထား တဲ့ရည်ရွယ်ချက်ကိုကျော်လွန်အသုံးပြု လာတာကိုတွေ့ရပြီးနောက်ပိုင်း အ သေးစားနဲ့အလတ်စားကုမ္ပဏီတွေရဲ့ SME  ဘဏ်ချေးငွေအသုံးပြုမှုကို ထိုင်း ဘဏ်တွေကအနီးကပ်စောင့်ကြည့်လာ ကြောင်းထိုင်းဝက်ဘ်ဆိုက်တစ်ခုမှာဖေါ် ပြထားပါတယ်။

SME တွေမှာဘဏ်တစ်ခုမက ချေးယူနိုင်တဲ့အခွင့်အလမ်းတွေရှိနေပါ တယ်။ ဒါကြောင့် SME တွေကို ဘဏ် ချေးငွေထုတ်ပေးတဲ့အခါ အပြိုင်အဆိုင် တွေများလာကြောင်း Sian Comme -rical  Bank (SCB)    ရဲ့ ဒုတိယဥက္ကဌ ဆီရီချိုင်းဆွမ်ဘူဆီရီက ပြောပါတယ်။ ဒီလိုဖြစ်တဲ့အတွက် အဆိုပြုထား တဲ့လုပ်ငန်းရည်ရွယ်ချက်အတိုင်းဖောက်  သည် SME တွေကချေးငွေကိုအသုံးပြု ခြင်းရှိမရှိဘဏ်တွေကစောင့်ကြည့်ဖို့ ပိုမိုလိုအပ်လာပါတယ်။ တချို့လုပ်ငန်း တွေက ယာဉ်တွေဝယ်ယူခြင်းလိုတခြား ရည်ရွယ်ချက်တွေအတွက် ငွေကိုအသုံး ပြုကြကြောင်း၊ ဒါကြောင့် အခြေအနေ ဆိုးဆိုးဝါးဝါးဖြစ်မလာမီ အဆိုပြုထား တဲ့စီးပွားရေးလုပ်ငန်းရည်ရွယ်ချက်နဲ့ အညီဖေါက်သည်တွေကအသုံးပြုကြဖို့ SCB  ကအလိုရှိနေတယ်လို့သူကပြော ပါတယ်။ ချေးငွေပြန်မဆပ်နိုင်တဲ့အန္တ ရာယ်မျိုးကိုလျှော့ချနိုင်ဖို့အ တွက် ချေး ငွေဗျူရိုနဲ့ပူးတွဲပြီးငွေချေးယူမဲ့ SME မြီစားတွေရဲ့အခြေအနေကို ဘဏ်ကဂရု တစိုက်စစ်ဆေးပါတယ်။ SCB ကထုတ်ချေးထားပြီးပြန် လည်မပေးဆပ်နိုင်သေးတဲ့ကြွေးမြီက လောလောဆယ်မှာ လက်ကျန်ကြွေးမြီ ရဲ့တစ်ရာခိုင်နှုန်းအောက်သာရှိပေမဲ့ ဇန်နဝါရီလတစ်ရက်မှာ အနိမ့်ဆုံးလစာ ကိုတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နေ့ စားလုပ်အားခတွေ တိုးမြှင့်ပေးခဲ့ရင် အထူးသဖြင့် SME ကဏ္ဍကဖိအား ပေးမှုတွေနဲ့ရင်ဆိုင်တွေ့ကြုံရမှာဖြစ်ပါ တယ်။ ဒီလို တိုးပေးလိုက်ရင် သူတို့ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကိုထိခိုက်နိုင်မှာ ဖြစ်တဲ့အတွက်ဖြစ်ကြောင်း ဆီရီချိုင် က ပြောပါတယ်။ အလတ်စား စီးပွားရေး လုပ်ငန်း တွေကဖွံ့ဖြိုးတိုးတက်လာမဲ့အလားအလာ ရှိပြီးကြွေးမဆပ်နိုင်တဲ့အချိုးအစားနည်း ပါးတဲ့အတွက်လာမဲ့နှစ်ဘဏ်က အဲဒီ ကိစ္စကို ပိုမို အလေးထား ဆောင်ရွက်မှာ ဖြစ်ပါတယ်။