Main menu

Background

ယူရိုဇုန်အကျပ်အတည်းက ကမ္ဘာ့စီးပွားရေးကို အကြီးမားဆုံး ခြိမ်းခြောက်

Wed, 12/05/2012 - 07:37 -- Anonymous (not verified)

စီးပွားရေးဆုတ်ကပ် အထိနာထား တဲ့ယူရိုဇုန်ကကမ္ဘာ့စီးပွားရေးကို အကြီး မားဆုံးခြိမ်းခြောက်နေကြောင်း သတိပေး ပြီးနောက် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (အိုင်အီးစီဒီ) က ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု ကို နိုဝင်ဘာ ၂၇ ရက်က လျှော့ချ ခန့်မှန်းခဲ့ပါတယ်။ စီးပွားအလားအလာများမှေးမှိန်နေချိန် မှာကြွေးမြီအကျပ်အ တည်းဖြေရှင်းဖို့ အတွက် နိုင်ငံရေးသမားတွေက ထိ ရောက်တဲ့အဖြေကိုထုတ်မပေးနိုင်ဘူး ဆိုရင် ဗဟိုဘဏ်တွေက လှည့်လည် ငွေကြေးတိုးမြှင့်ပေးဖို့ထူးထူးခြားခြား စီစဉ်ဆောင်ရွက်ဖို့ အိုအီးစီဒီအဖွဲ့က တိုက်တွန်းထားကြောင်း ရိုက်တာသ တင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေးသည် ယခုနှစ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၀၁၃ ခုနှစ်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်း အထိမြင့်တက်လာမယ်လို့ အိုအီးစီဒီရဲ့ တစ်နှစ် နှစ်ကြိမ်ထုတ်စီးပွားရေးအလား အလာ ( Economic Outlook) အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။ အိုအီး စီဒီအဖွဲ့က ယခုနှစ်စီးပွားရေးတိုးတက် နှုန်းကို ၃ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ၂၀၁၃ ခုနှစ်အတွက် တိုးတက်နှုန်းကို ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိမည်ဟု မေလက ခန့်မှန်း ခဲ့ရာ ယခု ခန့်မှန်းချက်က အဲဒီခန့်မှန်း ချက်အောက်များစွာ ကျဆင်းခဲ့ပါတယ်။ ယူရိုဇုန်က စီးပွားရေးကျဆင်းမှုနဲ့ နှစ် နှစ်ရင်ဆိုင်နေခဲ့ပါတယ်။ အကယ်၍ အခွန်တိုးမြှင့်မှုနဲ့အသုံးစရိတ်လျှော့ချ မှုကို ရှောင်ရှားနိုင်ဖို့အတွက် အမေရိ ကန် လွှတ်တော်ကိုယ်စားလှယ်တွေက မဆောင်ရွက်နိုင်ရင် အမေရိကန်ပြည် ထောင်စုမှာ စီးပွားရေးဆုတ်ကပ်ဖြစ်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ ဝါရှင် တန်မှာ ဖြစ်ပေါ်နေတဲ့ လိပ်ခဲတည်း လည်း ဖြစ်နေတာတွေအောင်မြင်ကျော် လွှားနိုင်မယ်ဆိုရင် လာမဲ့နှစ်မှာအမေရိ ကန် ပြည်ထောင်စုရဲ့  စီးပွားရေးက       ၂ ဒသမ သုည ရာခိုင်နှုန်းမြင့် တက်မယ် လို့ အိုအီးစီဒီကခန့်မှန်းပါတယ်။ မေ လက ခန့်မှန်းခဲ့တဲ့ ၂ ဒသမ ၆ ရာခိုင် နှုန်းအောက် လျှော့ချ ခန့်မှန်းခဲ့တာဖြစ် ပါတယ်။ "အမေရိကန် ပြည်ထောင်စုရဲ့ ဘဏ္ဍာရေး ချောက်ကမ်းပါးက အလွန် မတန် စိုးရိမ်စရာဖြစ်ပါတယ်။ ဒါပေမဲ့ အကြီးမားဆုံး စိုးရိမ်စရာက ယူရိုဇုန် အ ကျပ်အတည်းဖြစ်ပါတယ်" လို့ အိုအီးစီဒီ မှ စီးပွားရေးပညာရှင် ကာလိုပါဒိုဘင်က တွေ့ဆုံမေးမြန်းခန်းမှာ ရိုက်တာသတင်း ဌာနကို ပြောပါတယ်။ ယူရိုဇုန်စီးပွားရေးက ယခုနှစ်မှာ သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်း မယ်။ ၂၀၁၃ ခုနှစ်မှာ သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၁၄ ခုနှစ် ရောက်မှသာ ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ အိုအီးစီဒီက ခန့် မှန်းထားပါတယ်။