Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 12/05/2012 - 07:43 -- Anonymous (not verified)

အမေရိကန်   လွှတ်တော်အမတ် များကလိပ်ခဲတည်းလည်း   ဖြစ်နေတဲ့ ဘတ်ဂျက်ကိုဖြေရှင်းပေးနိုင်လိမ့်မယ် ဆိုတဲ့အကောင်းမြင်မှုကြောင့် ထွန်းသစ် စဈေးကွက်တွေမှာရှိတဲ့ အက်ဆက် တွေရဲ့ဝယ်လိုအားကိုအထောက် အကူ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၃၀ ရက်မှာကုန်ဆုံးတဲ့ ရက်သတ္တပတ်မှာ အာရှငွေကြေးတွေက   ဒုတိယရက် သတ္တပတ်အဖြစ်  မြင့်တက်လာတာကို တွေ့ရပြီး ၁၅ လနီးပါးအတွင်းအမြင့်ဆုံး ကိုရောက်ရှိခဲ့ပါတယ်။ သမ္မတ ဘားရက်အိုဘားမားက ခရစ္စမတ်မတိုင်မီသဘောတူညီချက် ရရှိအောင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယခုရက်သတ္တပတ်အတွင်းမှာပြောကြား ပြီးနောက် ဒေါ်လာ ၆၀၇ ဘီလီယံရှိမဲ့ အသုံးစရိတ်လျှော့ချေ ရးနဲ့အကောက် ခွန်တိုးမြှင့်ရေးကိစ္စဖြေရှင်းတာတွေ တိုး တက်မှုရှိလာပြီလို့ ဒီမိုကရက်တစ်အ ထက်လွှတ်တော် ကိုယ်စားလှယ်ချပ်ရှူး မားကနိုဝင်ဘာ ၂၉ ရက်ကပြောပါ တယ်။

အာရှငွေကြေးတွေထဲမှာ အိန္ဒိယ ရူပီးက အောက်တိုဘာ နောက်ပိုင်း အကောင်းဆုံး အခြေအနေကိုရောက် ရှိခဲ့ပြီးတရုတ်ယွမ်ငွေတန်ဖိုးက ၁၉ နှစ် အတွင်းအမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါ တယ်။ အာရှဒေသတွင်းမှာယန်းငွေမှ အပ၊ အရောင်းအသွက်ဆုံးငွေကြေး ၁၀ ခုကို ဖော်ပြပေးတဲ့  Bloomberg-JP Morgan  Asia Dollar  အညွှန်းကိန်း ကခြောက်လအတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
 
တရုတ်ယွမ် တရုတ်နိုင်ငံရဲ့ ဝယ်ယူသူမန်နေ ဂျာများအညွှန်းကိန်း (PMI)  အရနိုဝင် ဘာလမှာကုန်ထုတ်လုပ်မှုတိုးတက်လာ မဲ့အခြေအနေကိုပြသလျက်ရှိကြောင်း ဘလွမ်းဘတ်ရဲ့သီးခြားစစ်တမ်းတစ်ခု မှာဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံခြားငွေရောင်းဝယ် ရေးဌာနမှာယွမ်ငွေကြေးရဲ့ တန်ဖိုးက နိုဝင်ဘာ ၃၀ ရက်က သုည ဒသမ ၀၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၂၂၆၃ ယွမ်နှုန်းထိမြင့်တက် ခဲ့ပြီးငါးရက်စလုံးမှာ သတ်မှတ်ထား သောခွင်ကိုမှီလုနီးပါးရှိခဲ့ပါတယ်။ တရုတ်ယွမ်ငွေကြေးတန်ဖိုးမြင့်တက် တာကိုယခုနှစ် မှာ ဒေါ်လာ ဘီလီယံ ၁၈၀ ထိရှိခဲ့တဲ့နိုင်ငံခြားကုန်သွယ်မှုပို ငွေကလည်းအထောက်အကူဖြစ်စေခဲ့ ပါတယ်။
အိန္ဒိယရူပီး ပို့ကုန်သမားတွေနဲ့ ဘဏ်တွေက အမေရိကန်ဒေါ်လာကို ထုတ်ရောင်း တာများလာတဲ့အတွက် ဘဏ်အချင်း ချင်း နိုင်ငံခြားငွေ ဖလှယ်ရာမှာ နိုဝင် ဘာ ၃၀ ရက်မနက်ပိုင်းဈေးကွက်မှာ ရူပီးငွေကြေးတန်ဖိုးက သုည ဒသမ ၃၆ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၄ ဒသမ ၄၈ ရူပီးနှုန်းဖြစ်ခဲ့ပါတယ်။ ပြည်တွင်းရှယ်ယာဈေးကွက်အ ဖွင့်မှာပြည်တွင်းရှယ်ယာတန်ဖိုးမြင့်တက် တာနဲ့ပင်လယ်ရပ်ခြားဈေးကွက်တွေ မှာ ယူရိုနဲ့ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုး ကျဆင်းတာကလည်းရူပီးတန်ဖိုးတက် ဖို့အထောက်အကူပေးကြောင်း ဝယ် ရောင်းသမားတွေကပြောပါတယ်။
ဂျပန်ယန်း အမေရိကန်စီးပွားရေးကို စီးပွား ရေးဆုတ်ကပ်အတွင်းရောက်သွားစေမဲ့ ဘဏ္ဍာရေးချောက်ကမ်းပါးကို အမေရိ ကန် လွှတ်တော်ကိုယ်စားလှယ်တွေ ညှိ နှိုင်းရာမှာနည်းလမ်းတွေတွေ့မယ်လို့ ယူ ဆတဲ့အတွက်ဒေါ်လာယူရိုနဲ့ ဖလှယ်ရာ မှာဒေါ်လာတန်ဖိုးကျခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်လာ/ယန်းဖလှယ်ရာမှာ နိုဝင်ဘာ ၂၈ ရက်ကတစ်ဒေါ်လာကို ၈၂ ဒသမ  ၀၃ ယန်းရှိရာမှ ၂၉ ရက်မှာ ၈၂ ဒသမ ၁၀ ယန်းထိရောက်ခဲ့ပါတယ်။ ယူရိုနဲ့ ဒေါ်လာ ဖလှယ်နှုန်းက နိုဝင်ဘာ ၂၈ ရက်မှာတစ်ယူရိုကို ၁ ဒသမ ၂၉၃၉ ဒေါ်လာရှိရာမှ နိုဝင်ဘာ ၂၉ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှ တစ် ယူရိုကို ၁ ဒသမ ၂၉၇၈ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ ယူရို/ယန်းဖလှယ်နှုန်းက ၁၀၆ ဒသမ ၁၄ ယန်းရှိရာမှ ၁၀၆ ဒသမ ၅၈ ယန်းထိရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် အမေရိကန်ဘတ်ဂျက်ဆွေးနွေးမှု က မလေးရှားစိုးရိမ်စရာဆက်လက်ဖြစ် ပွားစေတဲ့အတွက် နိုဝင်ဘာ ၃၀ ရက် မနက်ဈေးကွက်မှာဒေါ်လာနဲ့ ဖလှယ်ရာ မှာ ရင်းဂစ်တန်ဖိုးအတက်အကျမရှိငြိမ် နေပါတယ်။ ရင်းဂစ်တန်ဖိုးကနို ဝင်ဘာ ၂၉ ရက်ကရှိခဲ့တဲ့ တစ်ဒေါ်လာကို ၃ ဒသမ ၀၄၄၀ နှုန်းအတိုင်းမပြောင်းမလဲ ရှိနေပါတယ်။ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဘတ်ဂျက်ဆွေး နွေးမှုသဘောတူညီချက် ရလုနီးပါးဖြစ် လာပြီလို့ တွက်ဆကြတဲ့အတွက် ဒေါ် လာကိုရောင်းထုတ်ပြီး စွန့်စားမှုရှိတဲ့ ငွေကြေးတွေကို ဝယ်လာကြောင်း ဝယ် ရောင်းသမားတစ်ဦးကပြောပါတယ်။
တောင်ကိုရီးယားဝမ် ဘဏ္ဍာရေး ချောက်ကမ်းပါးကို ကျော်လွှားနိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုကဆောင်ရွက်နိုင်လိမ့် မယ်ဆိုတဲ့ အကောင်းမြင်မှုတွေထပ်မရ ရှိလာတဲ့အတွက် ပြည်တွင်းစတော့ ဈေးကွက်တွေမြင့်တက်မှုနဲ့အတူ နိုဝင် ဘာ ၂၉ ရက်ကတောင်ကိုရီးယားဝမ် ငွေကြေးတန်ဖိုးလည်းမြင့်တက်ခဲ့ပါတယ်။ ဆိုးလ်ဈေးကွက်မှာ နိုဝင်ဘာ ၂၈ ရက် ကဝမ်တန်ဖိုးကတစ်ဒေါ်လာကို ၁၀၈၆ ဒသမ ၅ ဝမ်နှုန်းရှိရာမှ ၂၉ ရက်နေ့မှာ ၁၀၈၄ ဒသမ ၁ ဝမ်နှုန်းထိရှိခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက်မှာ တောင်ကို ရီးယားဝမ်တန်ဖိုးက သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်ဒေါ်လာကို ၁၀၈၂ ဒသမ ၉၃ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် နိုဝင်ဘာ ၂၈ ရက်ထိရှိတဲ့ ယခု ရက် သတ္တပတ်အတွင်းမှာ ကမ္ဘာ့ရင်းနှီး မြှုပ်နှံသူတွေ ကထွန်းသစ်စဈေးကွက် တွေကနေဒေါ်လာ ၈၂၇ သန်းရှိဝယ်ယူ ခဲ့ကြောင်းEPFR Global   ကပြုစုထား တဲ့စာရင်းတွေ အရသိရပါတယ်။ နိုင်ငံ ခြားသားတွေက အိန္ဒိယ၊ ဖိလစ်ပိုင်၊ တရုတ်(တိုင်ပေ)နဲ့ ထိုင်းနိုင်ငံတို့ရှိစတော့ ရှယ်ယာတွေကို အရောင်းမရှိ၊ အဝယ် သာ ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ ရက်မှထိုင်းဘတ် ငွေတန်ဖိုးကအတက်အကျမရှိတန်းနေ ပြီးတစ်ဒေါ်လာကို ၃၀ ဒသမ ၇၀ ဘတ်နှုန်းရှိခဲ့ပါတယ်။