Main menu

Background

ထိုင်းနိုင်ငံဗဟိုဘဏ်အတိုးနှုန်းကို ဆက်လက်ထိန်းထားမည်ဟု ခန့်မှန်း

Wed, 12/05/2012 - 07:45 -- Anonymous (not verified)

ယခုနှစ်အတွင်း နောက်ဆုံးအ ကြိမ်ကျင်းပမဲ့ နိုဝင်ဘာ ၂၈ ထိုင်း ဗဟို ဘဏ်ငွေကြေးမူဝါဒကော်မတီအစည်း အဝေးမှာ ထိုင်းဗဟိုဘဏ်ရဲ့အခြေခံ အတိုးနှုန်းကို ၂ ဒသမ ၇၅ ရာခိုင်နှုန်း အတိုင်းဆက်လက်ထားမယ်လို့ အများ စုကခန့်မှန်းထားကြောင်း မူ ဒီရင်းနှီးမြှုပ် နှံသူအကျိုးဆောင်လုပ်ငန်းရဲ့ သုတေသ နဌာနကလည်း အပြောင်းအ လဲရှိမှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြောင်း နိုင်ငံ ဝက်ဘ်ဆိုက်တစ်ခုမှာဖော်ပြထား ပါတယ်။

လက်ရှိနှုန်းထားက စီးပွားရေးအ ခြေခံများနဲ့ကိုက်ညီမှုရှိသလိုငွေချေး သူ များနဲ့ငွေအပ်နှံသူတို့အတွက်သင့်တော် မှုရှိကြောင်း ဘန်ကောက်ဘဏ်ဥက္ကဌ ကိုဆစ်ပန်ပီမရက ပြောပါတယ်။ အမေ ရိကန်ပြည်ထောင်စုနဲ့ တရုတ်စီးပွားရေး များ အနည်းငယ် တိုးတက်လာတဲ့ အတွက်အတိုးနှုန်းကအပြောင်းအလဲရှိ မှာမဟုတ်ကြောင်း  CIMB Thai Bank ဒုတိယဥက္ကဌကပြောပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးမရေရာမှုတွေဆက်လက် တည်ရှိနေဦးမှာဖြစ်လို့ လာမဲ့နှစ်မှာ အတိုးနှုန်းတွေဆက်လက်လျှော့နိုင်သေး ကြောင်းသူကပြောပါတယ်။ အမေရိကန်စီးပွားရေးကိုယုံ ကြည် မှုမြင့်တက်လာပေမဲ့ အခွန်ငွေအလို အလျှောက်တိုးမြှင့်လာတာနဲ့အစိုးရရဲ့ အသုံးစရိတ်လျှော့ချတာကြောင့်ဖြစ် လာမဲ့ဘဏ္ဍာရေးချောက်ကမ်းပါးက အ ခြေအနေကိုနောက်ပြန်ဆွဲချနိုင်ပါတယ်။ ယူရိုဇုန်ပြဿနာတွေကလည်းမပြီးဆုံး သေးပါဘူး။ တရုတ်နိုင်ငံရဲ့ နာလန်ထူ မှုကိုစောင့်ကြည့်ရဦးမဲ့အနေအထားရှိ ပါတယ်။ ထိုင်းဗဟိုဘဏ်ပေါ်လစီနှုန်းကို အောက်တိုဘာ ၁၇ ရက်အစည်းအဝေး မှာ သုည ဒသမ ၂၅ ရာခိုင်နှုန်းလျှော့ ချပြီး ၂ ဒသမ ၇၅ ရာခိုင်နှုန်းသတ်မှတ် ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းပထမ ဆုံးအကြိမ်လျှော့ချပေးခဲ့တာဖြစ်ပါ တယ်။ ဘန်ကောက်တက္ကသိုလ်က နိုဝင် ဘာ ၆ ရက်မှ ၁၃ ရက်အထိအဖွဲ့အ စည်း ၃၅ ခုမှ စီးပွားရေးပညာရှင် ၇၃ ဦးကိုသဘောထားစစ်တမ်းကောက်ယူ ခဲ့ရာတစ်ဝက်က မပြောင်းမလဲဆက် လက်တည်ရှိမယ်ကျန်တစ်ဝက်က သုည ဒသမ ၂၅ ရာခိုင်နှုန်းလျော့ကျမယ်လို့ ခန့်မှန်းပါတယ်။