Main menu

Background

မကွေးမြို့နဲ့ ရေနံချောင်းမြို့တို့တွင် လယ်ယာထွက်ကုန် ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ သတင်းအချက်အလက်နဲ့ စားသုံးသူကာကွယ်ရေး နယ်လှည့်သင်တန်းဖွင့်လှစ်

Wed, 12/05/2012 - 09:20 -- Anonymous (not verified)

တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူ ပြည်သူများ၊ ကုန်ပစ္စည်း  ထုတ်လုပ် ရောင်းချသူများ၊  ဒေသခံတောင်သူ လယ်သမားများအား လယ်ယာထွက် ကုန် ရိတ်သိမ်းချိန်လွန်  နည်းပညာဆိုင် ရာ သတင်းအချက်အလက်နဲ့ စားသုံးသူ ကာကွယ်ရေး ပြုလုပ်နေမှုအခြေအနေ များ သိရှိကြစေရန်အတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့ ကုန်စည်ဒိုင် ခန်းမမှာ နိုဝင်ဘာ ၂၉ မှ ၃၀ ရက်အထိ နှစ်ရက်ကြာ တိုင်းဒေသကြီးစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးနဲ့ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း  ရောင်းဝယ်ရေးမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းတို့ တက် ရောက်၍ သင်တန်းဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ   နယ်လှည့်သင်တန်းကို မကွေးမြို့ အနီးတစ်ဝိုက်ရှိ မကျီးကန်၊ ကြောင်ပြောက်၊ စည်ပင်သာ၊ လင့်မြစ်၊ သပြေရင်၊ သြဇာကုန်း၊ သမန်တလင်း၊ ဆီးကျွန်း၊ လျောင်းတော်ဦး၊ ချောင်းဖြူ၊ ပုထိုး၊ နွားကူး၊ အောင်မြေကုန်း၊ ခင်ပြန့် ကြီး၊ ဆူးကောက်စမ်း၊ မြင်းကင်း၊ ကျေး ရွာများမှ ဒေသခံတောင်သူ ၄၀ ဦးနဲ့ ကုန်သည်လုပ်ငန်းရှင် ၁၅ ဦး ၊ ကုမ္ပဏီမှ ၅ ဦး စုစုပေါင်း ၆၀ ဦး တက်ရောက် ကြပါတယ်။သင်တန်းတွင် စားသုံးသူ အကာ အကွယ်ပေးရေးအကြောင်း သိကောင်း စရာနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းများ၊ စားသုံးသူတိုင်တန်းမှုအား   ဖြေရှင်း ဆောင်ရွက်ပေးသည့်  နည်းလမ်းများ၊ ထုတ်ကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှုရဲ့ အခန်းကဏ္ဍ၊ စားသုံးသူကာကွယ်ပေး ရေး ဥပဒေတို့အား ကုန်သွယ်ဦးစီးဌာန မှလည်းကောင်း၊ မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ရိတ်သိမ်း ချိန်လွန် နည်းပညာဆိုင်ရာ အသုံးချ ဌာနမှ ရိတ်သိမ်းချိန်လွန်  နည်းပညာ အသုံးချဌာနအကြောင်း၊ ပိုးသတ်ဆေး ကြွင်းအကြောင်း   သိကောင်းစရာ၊ Food Safety  ၊ သီးနှံမှိုဆိပ်နဲ့ ဆန်ဝါ အကြောင်း၊ ကုန်ပစ္စည်းအရည်အသွေး နဲ့ စံချိန်စံညွှန်းဆိုင်ရာများကို  လည်း ကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဌာနမှ ဓာတ်မြေသြဇာသုံးစွဲမှုနဲ့ အင်း ဆက်ပိုးမွှားကာကွယ်မှု အခြေအနေ များကိုလည်းကောင်း သင်တန်းများပို့ချ ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ နယ်လှည့်သင်တန်းကို ရေနံ ချောင်းမြို့သို့ ဒီဇင်ဘာ ၁ ရက်တွင် ရေနံချောင်းကုန်စည်ဒိုင်ခန်းမ၌ ဒေသခံ ကုန်သည်များ၊ တောင်သူများ  သိရှိ နိုင်ရေးအတွက် ဆက်လက်ဟောပြော ပွဲပြုလုပ်ရာ ဒေသခံတောင်သူ ၄၅ ဦး၊ ကုန်သည် ၁၅ ဦး၊ ကုမ္ပဏီမှ ၁၀ ဦး၊ စုစုပေါင်း ၇၀ ဦး   တက်ရောက်ခဲ့ ကြောင်း သိရပါတယ်။ လှမိုးခိုင်-မကွေး