ကမ္ဘာ့ဆန်ဈေးကွက်ကို ထိန်းချုပ်နိုင်ရေးအတွက် ဆန်ဆက်လက်တင်ပို့ဖို့ FAO မှ ထိုင်းကို တိုက်တွန်း
ထိုင်းအစိုးရဟာ ၎င်းရဲ့ အပေါင်ခံစီမံကိန်းအရ ဈေးအမြင့်တန်းတစ်ခု ပြုလုပ်ခဲ့တဲ့အတွက် ထိုင်းဆန်တင်ပို့မှု လျော့ နည်းတဲ့ရလဒ်ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ မူဝါဒက ကမ္ဘာ့ဆန်ဈေးမြင့်တက်ဖို့ ပြုလုပ်ခဲ့တာဖြစ်လို့ အချို့စားသုံး သူများဟာ ၎င်းတို့အတွက်လုံလောက်တဲ့ စားနပ်ရိက္ခာရရှိရေးကို မတတ်နိုင်ခဲ့ကြဘူးလို့ အာရှပစိဖိတ် ဒေသရဲ့FAO ဒုတိယ ညွှန်ကြားရေးမှူး Man Ho So မှ ဆိုပါတယ်။ ဆန်စပါးအပေါင်ခံ အစီအစဉ်ဟာ ထိုင်းနိုင်ငံရဲ့ ပြည်တွင်း မူဝါဒတစ်ခုဖြစ်လို့ FAO အနေနဲ့ ပါဝင်စွက်ဖက်လို့မရပါဘူး။
ဒါပေမယ့် ကမ္ဘာ့ဆန်ဈေးအမြင့်တန်းကို တွန်းပို့လို့မရအောင် FAOအဖွဲ့အစည်းမှ ထိုင်းအနေနဲ့ ဆန်ဆက်လက် တင်ပို့စေလိုကြောင်း ၎င်းမှဆိုပါတယ်။ ဆန်စပါးဟာ အာရှအတွက်သာမဟုတ်ဘဲကမ္ဘာတစ်ခုလုံးအတွက် အဓိက စားနပ် ရိက္ခာဖြစ်လို့ ၂၀၁၃ မှာ ကမ္ဘာ့ဆန်ဝယ်လိုအား ဆက်ပြီးမြင့်တက်နေဦးမယ်လို့ အာရှနဲ့ ပစိဖိတ်ရဲ့ဌာနေ ကိုယ်စားလှယ် လည်းဖြစ် FAO ရဲ့ လက်ထောက်အထွေထွေညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Hiroyuki Konuma မှ ပြောကြားပါတယ်။ ထိုင်းနိုင်ငံရဲ့ကြီးမားတဲ့ ဆန်သိုလှောင်မှုကိုလျှော့ချဖို့ အဓိကဈေးကွက်ဖြစ်တဲ့ အာဖရိကဟာ ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့အခွင့်အရေးတစ်ခုအဖြစ်ရှိနေပါတယ်။ အာဖရိကဟာ ပြည်တွင်းဆန်ဝယ်လိုအား မြင့်တက်နေဆဲဖြစ်လို့ အာဖရိက ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကြီးကြီးမားမား မရှိဘူးလို့ ဆိုပါတယ်။ အာဖရိက ပြည်သူတွေရဲ့ ဝင်ငွေပမာဏက မမြင့်မား ပေမယ့် ထိုင်းနိုင်ငံက ဆန်ဈေးက အနည်းငယ်မြင့်နေပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံနဲ့ အာဖရိကအကြား ရောင်းဝယ်မှုက ၂နိုင်ငံသဘောတူညီမှုအပေါ် အခြေခံထားသင့်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံစိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးရုံးမှ ဒါရိုက်တာ Jaruk Singhapreecha မှ ပြောကြားရာမှာ ထိုင်းနိုင်ငံ ရဲ့ ဆန်ဈေးကြီးမြင့်မှုကြောင့် ပြည်ပဈေးကွက်မှာ ထိုင်းဆန်က ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ရကြောင်း၊ ဒါကြောင့် အစိုးရဟာ ကြီးမားတဲ့ ဆန်သိုလှောင်မှုရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်မှာမိုးခေါင်ခြင်းတဲ့အတွက် ဈေးကွက် အတွင်း စပါးဝင်ရောက်တဲ့ပမာဏဟာ ၉ ရာခိုင်နှုန်းခန့်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းကအရည်အသွေးမြင့်စံပယ်ဆန်ရဲ့ ၈ ရာခိုင်နှုန်းခန့်ဟာ မိုးခေါင်တဲ့အတွက် ထိခိုက်စေခဲ့ရာ ဈေးကွက်ပေါက်ဈေးမြင့်တက်လိမ့်မယ်လို့ Jaruk မှ ပြောကြားတယ်လို့ the nation သတင်းမှာ ဖော်ပြထားပါတယ်။လမင်း
