နယ်စပ်ကုန်သွယ်မှုမှ မြန်မာနိုင်ငံနဲ့ ဆန်ကုန်သွယ်မှုပြုလုပ်ဖို့ အိန္ဒိယခွင့်ပြု

အိန္ဒိယအစိုးရမှ မြန်မာနဲ့ နယ်စပ်ကုန်သွယ်မှုပြုတဲ့ ကုန် ပစ္စည်းစာရင်းတွေထဲမှာ ဆန်ကို ထပ်တိုးခဲ့တယ်လို့ အိန္ဒိယ စီးပွားရေးနဲ့ စက်မှုလက်မှုဝန်ကြီး Govindas  Konthoujam  မှ ယခုတစ်ပတ်အစပိုင်းမှာ ပြောကြားခဲ့ပါတယ်။  အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များစွာနဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ် ကုန်သွယ်မှုတွေရှိပြီး၊ ၂ နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုမှာ ကုန်ပစ္စည်း ၄၀ မျိုး ကုန်သွယ်မှုပြုလုပ်လျက်ရှိပါတယ်။ ယခု အခါ ဆန်၊ ဆေးနဲ့ မော်တော်ကား အပါအဝင် ကုန်ပစ္စည်း အမယ် ၆၂ ခုအဖြစ် စာရင်းသွင်း တိုးမြင့်ခဲ့ကြောင်း သိရပါ တယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဆန်စပါး ဒုတိယအများဆုံး ထုတ်လုပ်သူဖြစ်ပြီး၊ ဗဟိုအစိုးရထံမှာ ပိုလျှံသိုလှောင် ဆန် အမြောက်အမြားရှိနေပါတယ်။ ဒါပေမယ့် အိန္ဒိယ Assam ပြည်နယ်ထက် ယှဉ်ပြိုင်နိုင်မှုပိုရှိတဲ့ မြန်မာနိုင်ငံမှ တင်သွင်း ဆန်ကို နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေကို တင်သွင်း ခွင့်ပြုသွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှ ဆန်မှာ Assam မှ ဆန်ထက် အရည်အသွေးပိုကောင်းတယ်လို့ ဒေသခံများက ဆိုပါတယ်။ ယခုလို ခွင့်ပြုခြင်းဟာ အိန္ဒိယနိုင်ငံအနေနဲ့ အာဆီယံ နိုင်ငံတွေရဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့နဲ့ အနာဂတ်မှာ မြန်မာနိုင်ငံမှ တစ်ဆင့် ဆက်သွယ်တဲ့ လမ်းကြောင်းတိုးမြှင့်ဖို့ ရည်ရွယ်တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒရဲ့ တိုးတက်မှု တစ်ခုအဖြစ်လည်း ထင်မြင်ရပါတယ်။ တစ်ချိန်တည်းမှာ အိန္ဒိယပို့ကုန်သွင်းကုန် ဘဏ်(EXIM)ကလည်း အိန္ဒိယအရှေ့ မြောက်နဲ့ မြန်မာနိုင်ငံ အကြား ၂ နိုင်ငံကုန်သွယ်မှုတိုးမြင့်ဖို့ မြန်မာနိုင်ငံမှာ ရုံးတစ်ခု ဖွင့်လှစ်သွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံက ၁၉၆၀ ပြည့်နှစ်များက ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်ခဲ့ပြီး၊ အိန္ဒိယ ကိုလည်း ထူခြားစွာ တင်ပို့ခဲ့ပါတယ်။ ဒါပေမယ့် ၁၀ စုနှစ်များ စွာ လျစ်လျူရှုခံရပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်ဈေး ကွက်မှ ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၁၀ သန်းခန့် ထုတ်လုပ်ပြီး၊ နှစ်စဉ်တန်ချိန် ၇၅၀၀၀၀ ခန့် တင်ပို့နေပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ဆန်တင်ပို့ သူများက ၂၀၁၇ မှာ ဆန်တန်ချိန် ၃ သန်းကျော်ထိ ၎င်းင်းတို့ရဲ့ ပို့ကုန်ဝေစုတိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့  oryza  သတင်းအရ သိရပါတယ်။                                 လမင်း