Main menu

Background

နိုဝင်ဘာနောက်ဆုံးပတ် ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးငြိမ်ပြီး ပဲကြီးဈေးပြန်မြင့်လာခဲ့

Wed, 12/12/2012 - 04:03 -- Anonymous (not verified)

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပခုက္ကူကနေ ရန်ကုန် ကို နှမ်း ၂၀၆၀ အိတ်၊ ပဲတီစိမ်း ၂၂၇၉ အိတ် စွန်တာပြာ ၃၃၈ အိတ်၊ ကုလားပဲဖြူလုံးကြီး ၅၃၉ အိတ် ကုလားပဲဝါ ၃၀၀ အိတ်၊ ပဲယင်း ၂၀၀ အိတ်၊ စားတော်ပဲ ၇၀ အိတ်၊ မန္တလေးကိုနှမ်း ၁၃၃ အိတ်၊ ထောပတ်ပဲ ၆၄ အိတ်၊ ပြောင်း ဖူးစေ့ ၁၃၁ အိတ်၊ စွန်တာပြာ ၇၀ အိတ်အထွက်ရှိတာ တွေ့ ရပါတယ်။ သယ်ယူခနှုန်းထားတွေအနေနဲ့ ရန်ကုန်ကို တစ် ပိဿာ ၃၄ ကျပ်မှ ၄၅ ကျပ်ထိ အမျိုးမျိုးရှိပါတယ်။ မန္တလေး ကို သယ်ယူခတစ်ပိဿာ ၁၄ ကျပ်ပါ။ ဘာကြောင့်ဒီလို ဖြစ် ရလဲဆိုတော့ ကားဂိတ်တွေ အပြောအရ ပခုက္ကူမြို့ကို အကြောင်းအမျိုးမျိုးနဲ့ ပစ္စည်းလာပို့ရင် ပြန်ကြမဲ့ကားတွေဟာ အခွံပဲ  ပြန်ရမယ့်အတူတူ ရမယ့်ပစ္စည်းကို ဖြစ်ပေါ်နေတဲ့ ကုန်သယ်ခထက်လျော့ပြီး၊ လမ်းသင့်သလို တင်သွားကြတဲ့ အတွက် ဖြစ်ရတာပါလို့ သိရပါတယ်။ ကုန်ပစ္စည်းသယ်ယူမှု လျင်မြန်သွက်လက်လာတာကို မုဒိတာပွားစရာဖြစ်ပေမယ့် အခြေချလိုင်းဝင် ထားတဲ့ ကားပိုင်ရှင်တွေအဖို့ မတည်ငြိမ်တဲ့ သယ်ယူခနှုန်းထားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရ တယ်လို့ဆိုတာ လည်းကြားသိရပါတယ်။ပခုက္ကူကနေ ရန်ကုန်၊ မန္တလေးကို ကုန်စည်စီးဆင်းမှု ထိုက်သင့်လျှောက်ပတ် စွာရှိ နေပေမယ့် ဒိုင်မှာတော့ အရောင်းအဝယ်ပါးတာကိုလည်း တွေ့ရှိရပါတယ်။

ဒိုင်မှာနေ့စဉ်ဖြစ်နေတဲ့ အရောင်းအဝယ်တွေအနေနဲ့  ဒီဇင်ဘာ ၁ ရက်နေ့မှာ နှမ်းနက်တစ်ပိဿာ ၂၃၀၀ ကျပ်၊ တစ်တင်း ၃၄၅၀၀ ကျပ်၊ အိတ် ၅၀၊ ၂ ရက်နေ့မှ ပဲစင်းငုံနီ ၇၉၅ ကျပ်၊ တစ်တင်း ၁၅၉၀၀ ကျပ်၊ အိတ် ၅၀၊ စမုံနှမ်းနက် ၂၄၃၃ ကျပ်၊ တစ်တင်း ၃၆၅၀၀  ကျပ်၊ အိတ် ၃၀၊ ၃ ရက်နေ့မှာ ပဲစင်းငုံနီ ၈၀၀ ကျပ်၊ တစ်တင်း ၁၆၀၀၀ ကျပ်၊ အိတ် ၅၀၊ ကုလားပဲဝါကြီး ၉၃၆ ကျပ်၊ တစ်တင်း ၁၇၈၀၀၊ အိတ် ၁၀၀၀ ၊ စမုံနှမ်းနက် ၂၃၈၆ ကျပ်၊ တစ်တင်း  ၃၅၈၀၀ ကျပ်နဲ့ အိတ် ၃၀၊ ရိုးရိုးနှမ်းနက် ၂၂၁၃ ကျပ်၊ တစ်တင်း ၃၃၂၀၀ ကျပ်နဲ့ အိတ် ၃၀၊ ၄ ရက်နေ့မှာ ပဲတီစိမ်းသေး တစ်ပိဿာ ၁၀၇၃ ကျပ်၊ တစ်တင်း ၂၀၄၀၀ ကျပ်နဲ့ ၁၅ အိတ်၊ ၅ ရက်နေ့မှာ စိမ်းသေး ၁၀၇၈၊ တစ်တင်း ၁၀၅၀၀ ကျပ်နဲ့ အိတ် ၃၀၊ ၇ ရက်နေ့မှာ ပဲစင်းငုံ ၇၇၅ ကျပ်၊ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ စိမ်းသေး ၁၀၀၀ ကျပ်၊ တစ်တင်း ၂၀၉၀၀ ကျပ်နဲ့ အိတ် ၁၃၀၊ စမုံနှမ်းနက် တစ်ပိဿာ ၂၂၅၃ ကျပ်၊ တစ်တင်း ၃၃၈၀၀ ကျပ်နဲ့ ၁၇ အိတ်၊ နှမ်းနက် ၂၁၀၀ ကျပ်တစ်တင်း ၃၁၅၀၀ ကျပ်နဲ့ အိတ် ၄၀၊ အရောင်းအဝယ် ပမာဏအားဖြင့် နည်းတယ်လို့ သုံးသပ်ရမှာပါ။ မြင့်ဦး - ပခုက္ကူ