Main menu

Background

ဝင်သလောက်အရောင်းသွက်ခဲ့တဲ့ နိုဝင်ဘာလရဲ့ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်

Wed, 12/12/2012 - 04:07 -- Anonymous (not verified)

အောင်ပန်း ကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ဒေသထွက်ကုန်များ ဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စုစုပေါင်း ကုန်ချိန် ၁၄၇၁၆၉၅ ပိဿာ (၂၄၀၃ ဒသမ ၂၀ ) တန် ရောင်းဝယ်နိုင်ခဲ့ တာကြောင့် အောက်တိုဘာလကထက် ၅၈၈ ဒသမ ၈၀ တန် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရောင်းချခဲ့တဲ့ ကုန်ပစ္စည်းများကတော့ ကြက်သွန်ဖြူ ၅၅၆ ဒသမ ၃၄ တန်၊ အစေ့ ထုတ်ပြောင်း ၄၂၂ ဒသမ ၇၇ တန်၊ ပဲပုပ်စေ့  ၉၆ ဒသမ ၂၄ တန်၊ ပန်းနှမ်း ၅၉ ဒသမ ၅၅ တန်၊ ချင်းအစို ၄၄၁ ဒသမ ၈၇ တန်၊ နနွင်း ၃၆ ဒသမ ၇၄ တန်၊ ချင်း ခြောက် ၅၁ ဒသမ ၇၆ တန်နဲ့ အာလူး ၇၃၇ ဒသမ ၉၃ တန်တို့ဖြစ်ကြောင်း သိရ ပါတယ်။

အောင်ပန်းကုန်စည်ဒိုင်မှာ နိုဝင်ဘာလအတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုန်စည်ဈေးနှုန်း များကတော့ ကြက်သွန်ဖြူ တစ်ပိဿာဈေးအနိမ့်ဆုံး ၄၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ အနိမ့်ဆုံး ၂၈၀ ကျပ်၊ အမြင့်ဆုံး ၃၄၀ ကျပ်၊ ပဲပုပ်စေ့ တစ်ပိဿာအနိမ့်ဆုံး ၉၀၀ ကျပ်၊ အမြင့်ဆုံး ၁၁၅၀ ကျပ်၊ ပန်းနှမ်း တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၁၅၀ ကျပ်၊ ချင်းအစို တစ်ပိဿာ အနိမ့်ဆုံး ၁၈၀ ကျပ်၊အမြင့်ဆုံး ၃၁၀ ကျပ်၊ နနွင်း တစ်ပိဿာ အနိမ့် ဆုံး ၆၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ ချင်းခြောက် တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်နဲ့ အာလူးတစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်၊ အမြင့်ဆုံး ၇၈၀ ကျပ်တို့ဖြစ်ကြပြီး အောက်တိုဘာလကထက် အစေ့ထုတ်ပြောင်း တစ်ပိဿာကို ၄၀ ကျပ်၊ ချင်းအစို တစ်ပိဿာကို ၁၁၀ ကျပ်နဲ့ အာလူးတစ်ပိဿာကို ၁၃၀ ကျပ်အထိ ပိုမို ဈေးမာလာခဲ့ကြောင်း သိရပါတယ်။   မင်းအောင်- တောင်ကြီး