Main menu

Background

အိန္ဒိယပဲစင်းငုံ အထွက်ပုံမှန်ရှိလို့ ဈေးကျဆင်းနိုင်တယ်လို့ဆို

Wed, 12/12/2012 - 04:06 -- Anonymous (not verified)

အိန္ဒိယ ပဲစင်းငုံအဓိကစိုက်ပျိုးရာ ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ အင်ဒရာ ပရာဒေ့ရှ်တို့မှာ ပဲစင်းငုံပုံမှန် အထွက်ရှိနိုင်လို့ ဖေဖော်ဝါရီလလယ်လောက်မှာ ဈေး နှုန်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အဓိက ပဲစင်းငုံ စိုက်ပျိုးရာ ပြည်နယ်တွေမှာ ပုံမှန်ကာလအတိုင်း မိုးရွာသွန်းမှုရှိခဲ့တာကြောင့် ယခုနှစ် ပဲစင်းငုံက ပုံမှန်ထက် ပိုကောင်းလာပြီး၊ ပြီးခဲ့တဲ့နှစ် ထုတ်လုပ်မှုထက် ကောင်းမယ်လို့ ဘင်ဂလိုရီသီးနှံနဲ့ ပဲမျိုးစုံလက်ကား အသင်းဥက္ကဌ  Ramesh  Chandra  Lahoti မှ Business  Line ကို ပြောကြားကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ဒီနှစ်ပဲစင်းငုံက မိုးကြောင့် ပျက်စီးခြင်းမရှိဘူး။ မိုးနောက် ကျခြင်းက ပဲထုတ်လုပ်မှုအတွက် ပိုကောင်းစေတယ်လို့ ၎င်းကဆိုပါတယ်။ ကာနာ တာကာပဲစင်းငုံက ဒီသီတင်းပတ်မှာ ဈေးကွက်ထဲ ဝင်ရောက်တော့မှာဖြစ်ပြီး၊ မဟာ ရပ်ရှတရာနဲ့ အင်ဒရာပရာဒေ့ရှ်တို့က ဇန်နဝါရီလလောက်မှာ ဝင်ရောက်မယ် လို့ ဆိုပါတယ်။ လက်ရှိမှာ ဘင်ဂလိုရီ လက်ကားဈေးကွက်မှာ ပဲစင်းငုံတစ်တန် ရူပီး ၆၀၀၀၀ နဲ့ ၆၅၀၀၀(ကန်ဒေါ်လာ ၁၁၀၈-၁၂၀၁)အကြား ရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။ DEMIC ရဲ့ ခန့်မှန်းချက်အရ ယခုလ ပဲစင်းငုံဈေးက ရူပီး ၄၄၀၀၀-၄၉၀၀၀(ကန်ဒေါ်လာ ၈၁၃-၉၀၅)ဝန်းကျင်ရှိနိုင်ပြီး၊ ဇန်နဝါရီလမှာ ရူပီး ၄၇၀၀၀-၅၂၀၀၀(ကန်ဒေါ်လာ ၈၆၈-၉၆၁)၊ ဖေဖော်ဝါရီလမှာ ရူပီး ၄၈၀၀၀-၄၉၀၀၀ (ကန်ဒေါ်လာ ၈၈၇-၉၀၅)နဲ့ မတ်လမှာ ရူပီး ၄၅၀၀၀-၅၀၀၀၀(ကန်ဒေါ်လာ ၈၃၁-၉၂၃)အတွင်းရှိနိုင်တယ်လို့ သိရပါတယ်။                          ယမင်းခင်