Main menu

Background

အရောင်းအဝယ်အနည်းငယ်အေးသွားတဲ့ ပြည်ချင်းဈေးကွက်

Wed, 12/12/2012 - 04:07 -- Anonymous (not verified)

ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ အဝင်နည်းသွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင် အပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း(ရှယ်) ၆၀၀ ကျပ် (ဂျွန်) ၃၅၀-၄၀၀ ကျပ်တို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ် ကို ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။            ဝင်းဝင်းခိုင် - ပြည်