Main menu

Background

မူဆယ် ၁၀၅ မိုင်နယ်စပ်မှ ပရဆေးကုန်ကြမ်း တန်ချိန် ၆၀၀ ကျော်တင်ပို့ခဲ့

Wed, 12/12/2012 - 04:09 -- Anonymous (not verified)

နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၆၃၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှသာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် ဇီးဆံ၊ တော ဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်နဲ့ ကြောင်လျာစေ့ စတဲ့ပရဆေးကုန်ကြမ်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၀၂ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၁ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ ဟင်းရိုင်း ဖြူ တန်ဝက်နီးပါး တင်သွင်းရှိခဲ့ ပါတယ်။ နိုဝင်ဘာလအတွင်း ပရဆေးကုန်ကြမ်း ၃၈၅၇ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ၄ တန်နီးပါး တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT(DOBT)