Main menu

Background

နယ်စပ်မှ ငရုတ်သီးခြောက်တန် ၃၀၀ ကျော် တင်ပို့နိုင်

Wed, 12/12/2012 - 04:09 -- Anonymous (not verified)

နယ်စပ်စခန်းများမှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း  ကန်ဒေါ်လာသုညဒသမ ၅၉၃ သန်းဖိုးရှိ ငရုတ်သီးခြောက် တန် ၃၀၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။  မြန်မာ-တရုတ်နယ်စပ်မှ မူဆယ်၁၀၅ မိုင်မှ တန် ၂၄၀ ကျော်နဲ့ မြန်မာ-ထိုင်း နယ်စပ်မြဝတီစခန်း တန် ၆၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှ ငရုတ်သီးခြောက်များကို တစ်ဖက်နိုင်ငံ မဲဆောက်မှ တစ်ဆင့် ဘန်ကောက်မြို့ထိတင်ပို့ပြီး ဟင်းချက်ရာမှာ အများဆုံး သုံးကြတယ်လို့သိရပါတယ်။MIRT (DOBT)