Main menu

Background

ပါကစ္စတန်နဲ့ မလေးရှားကိုနနွင်းတင်ပို့

Wed, 12/12/2012 - 04:10 -- Anonymous (not verified)

ပြည်ပကိုပင်လယ်ရေကြောင်းလမ်းမှ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း နနွင်း တင်ပို့မှုက စုစုပေါင်းတန်ချိန် ၁၂၈ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံကို ၈၅ တန်နဲ့ မလေးရှားကို ၄၃ တန်ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း မှာ ယခုတစ် ပတ်နနွင်းတင်ပို့မှုက အများဆုံးဖြစ်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၃၀-၅၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလအတွင်း နနွင်းတင်ပို့မှုက တန်ချိန် သုံးရာကျော်ရှိခဲ့ပြီး နိုဝင်ဘာလအတွင်း တင်ပို့မှုကတန်ချိန် တစ်ရာ့သုံးဆယ်ကျော်သာရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ နနွင်းတင်ပို့မှုက တန်ချိန် နှစ်ရာ ကျော်လျော့ နည်းပြီး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။    MIRT (DOT)