Main menu

Background

အိန္ဒိယလှောင်လက်များ နနွင်း သိုလှောင်မှု စတင်လာ

Wed, 12/12/2012 - 04:13 -- Anonymous (not verified)

အိန္ဒိယဈေးကွက်မှာ နနွင်းလက်ငင်းဈေးက တည်ငြိမ်နေ ဆဲဖြစ်ပေမယ့် လှောင်လက်များက အမြောက်အမြား  သို လှောင်ဖို့ ဝယ်ယူနေပြီလို့ သိရပါတယ်။ ပြည်ပတင်ပို့သူများ ဟာ နိုင်ငံအထက်ပိုင်းမှ အမှာအော်ဒါအချို့ လက်ခံရရှိကြလို့ ၎င်းတို့ လိုအပ်ချက်အတွက် ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် လှောင်လက်တွေ က ဖေဖော်ဝါရီ လ လောက်မှာ နနွင်းဈေးမြင့် တက်နိုင်တယ်အထင်နဲ့ သိုလှောင်မှုအတွက် စပြီးဝယ်ယူနေကြ ပြီလို့ အီရော့ နနွင်းကုန်သည်များအသင်းမှ အာကေဗွီရာ ဗွီရှန်ကာမှ ဆိုပါတယ်။

စပ်မျိုးနနွင်းမှာ အရည်အသွေးကောင်းမွန်မှုကြောင့် ဈေး မြင့်တက်လျက်ရှိပြီး၊ ပြည်ပတင်ပို့သူတွေက အမြင့်ဆုံး တစ် တန် ရူပီး ၆၃၂၉၀(ကန်ဒေါ်လာ ၁၁၆၉)ဈေးဖြင့် ဖော်ပြ ထားကြောင်း ကုန်သည်များမှ ဆိုပါ တယ်။ လှောင်လက် တွေ လက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းကျော်ရှိနေပြီး၊ ဈေးအမြင့်မှန်း ကာ နောက်ထပ်လည်း ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။ အဓိကတင်သွင်းနိုင်ငံများနဲ့ ပြည်တွင်းဝယ်လက်တွေက ဇန်နဝါ ရီလမှာ ပုံမှန်ဝယ်လိုအားကောင်းလေ့ရှိလို့ ဈေးနှုန်းမြင့်တက် နိုင်ကြောင်း သုတေသနကုမ္ပဏီမှ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ရောင်းချတဲ့ဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၃၈၉၆၀-၅၃၇၄၀ (ကန်ဒေါ် လာ ၇၂၀-၉၉၃)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၉၆၀-၄၈၃၉၀ (ကန်ဒေါ်လာ ၆၈၃-၈၉၄)ရှိကြောင်း သိရပါတယ်။ တောင်သူ အချို့က အစိုးရမှ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းသတ်မှတ် မယ်ဆိုတဲ့ သတင်းတွေ အရ ဈေးနှုန်းမြင့်တက် ဦးမယ်မှန်းပြီး၊ ၎င်းင်းတို့ သိုလှောင်နနွင်းများ ထုတ်ရောင်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။ စပ်မျိုးနနွင်းထဲမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ရူပီး ၄၇၀၉၀-၆၃၂၉၀ (ကန်ဒေါ်လာ ၈၇၀-၁၁၆၉) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၄၆၀၆၀-၅၁၈၉၀ (ကန် ဒေါ်လာ ၈၅၀-၉၅၈)ရှိတယ်လို့  Business  Line  သတင်းအရ သိရ ပါတယ်။                                   ယမင်းခင်