Main menu

Background

ဓာတ်ဆီ/ဒီဇယ်တန်ချိန် သုံးသောင်းခြောက်ထောင်ကျော်လိုင်စင်လျှောက်

Wed, 12/12/2012 - 04:23 -- Anonymous (not verified)

နိုဝင်ဘာနောက်ဆုံးပတ်မှာတော့ ဓာတ်ဆီ ၄၅၀၀ တန်၊ ဒီဇယ် ၃၂၄၄၂ ဒသမ ၄၃၃ တန်ကို တင်သွင်းရန ်အတွက် ကုမ္ပဏီငါးခုမှ သွင်းခွင့်လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေ နဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ ရဲ့ ဓာတ်ဆီ၊ ဒီဇယ်စုစုပေါင်း တင်သွင်းရန် လျှောက်ထားတန်ချိန်မှာ တစ်သိန်းငါး သောင်းကျော်ရှိခဲ့ပြီး နိုဝင်ဘာလရဲ့လိုင်စင်လျှောက်ထား တန်ချိန်မှာ ရှစ်သောင်း ကျော်သာ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ ဓာတ်ဆီ၊ ဒီဇယ်လျှောက်ထားတန်ချိန်မှာ တန်ချိန် ခုနစ်သောင်းနီးပါး လျော့နည်းခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းများကတော့ ပြောင်းလဲမှုမရှိပေမဲ့ ပြင်ပဆိုင်များရဲ့ ဓာတ်ဆီဈေး ကမြင့်နေဆဲဖြစ်ပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီ ၈၀၃ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီ ၅၀၀၀-၅၁၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓါတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ အပြောင်းအလဲ မရှိဘူးလို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များ မှာတော့ ဓာတ်ဆီဈေးက ဆက်ပြီး မြင့်နေတယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ရောင်းချနေပြီး ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၄၄၀၀-၄၅၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀- ၃၇၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ဒီတစ်ပတ်မှာ  ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်ရဲ့ ဒီဇယ်ဈေးက ၅၀ ကျပ်ဈေးကျလာပြီး အောက်တိန်းက ၅၀ ကျပ် ဈေးမြင့်ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်က မပြောင်းလဲပေမဲ့ အောက်တိန်းက ၅၀ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက ဓါတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်တို့နဲ့ ရောင်းချပါတယ်။ ပြင်ပဆိုင်ဈေးမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်ဈေးတို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT-DOT   နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ် ပုံမှန်တင်သွင်းလျက်ရှိနိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်ထိကာလအတွင်းမှာတော့ ကန်ဒေါ် လာ သုည ဒသမ ၀၆၁ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၆၆၃၂ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၆၇၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၇၉၈၁၃ ဂါလန်ကို တင်သွင်းနိုင်ခဲ့ပါ တယ်။ ယခုအပတ် ဓာတ်ဆီကို တာချီလိတ်နယ်စပ်တစ်ခုတည်းမှ တင်သွင်းခဲ့ပြီး ဒီဇယ်ဆီကိုတော့ မြိတ်နယ်စပ်ကုန်သွယ်ရေးမှ ၁၇၉၈၁၃ ဂါလန်နဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ၄၂၅၈၃ ဂါလန် အသီးသီး တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။                                                ခင်မိုးသူ