Main menu

Background

ကုမ္ပဏီများ အဖွဲ့အစည်းများအား နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်ခွင့်ပြုမည်

Wed, 12/12/2012 - 04:32 -- Anonymous (not verified)

ဘဏ်မဟုတ်သည့် ပုဂ္ဂလိကကုမ္ပဏီများ၊ အဖွဲ့အစည်းများအား နိုင်ငံခြား ငွေများကို တရားဝင် ရောင်းဝယ်လဲလှယ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဥပဒေပုဒ်မ ၈၃ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၂ ပါ စီမံခန့် ခွဲပိုင်ခွင့်များကိုကျင့်သုံးလျက် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများ အား နိုင်ငံခြားငွေများကို ပြည်တွင်းသုံးကျပ်ငွေဖြင့် ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင် စင် (Money Changer Licence) များကို ခွင့်ပြုထုတ်ပေးပြီး လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။အဆိုပါကြေညာချက်တွင် လိုင်စင်ရရှိလိုသူများအနေဖြင့် ငွေလဲကောင်တာ လုပ်ငန်းတစ်ခု ဆောင်ရွက်ခြင်း အတွက် ကနဦးမတည်ရင်းနှီးငွေ အနည်းဆုံး ကျပ်သန်း ၃၀ ထည့်ဝင်ရမည်ဖြစ်ကြောင်း၊ အဆိုပါမတည်ငွေရင်း ကို နိုင်ငံခြားငွေ များ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရ ဘဏ်တစ်ခုခုတွင် စာရင်းဖွင့် လှစ် ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ငွေလဲကောင်တာတစ်ခုထက်မက ဆောင်ရွက် လိုပါက ကောင်တာတစ်ခုစ ီအတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ ထပ်မံထည့် ဝင်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။အဆိုပါငွေလဲလှယ်ခြင်းလုပ်ငန်းအား လုပ်ကိုင်လိုသူများအနေဖြင့် သတ် မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်ကိုက်ညီပါက လိုင်စင်များအား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ အမှတ်-၂၆(က)၊ စက်မှု(၁)လမ်း၊ ရန် ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁- ၅၄၃၅၃၂၊ ၀၁-၅၅၉၂၇၈ နှင့် ၀၁-၈၆၀၃၇၄၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားချက် များအရ သိရသည်။                                             မယ်သီတာ