Main menu

Background

အေးစက်လျက် ရှိနေတဲ့ မြန်မာ့ရွှေဈေးကွက်

Wed, 12/12/2012 - 04:24 -- Anonymous (not verified)

ယခုရက်ပိုင်းအတွင်း   မြန်မာ့ရွှေ ဈေးကွက်ဟာ အေးစက်နေကြောင်းသိ ရသည်။ မြန်မာ့ရွှေဈေးသည် တအိအိ ဖြင့်   ပြန်လည်ကျဆင်းလာခဲ့သော် လည်း အရောင်းအဝယ်မှာ အေးစက် နေကြောင်း သိရသည်။"ဒီရက်ထဲမှာ  ရွှေဈေးက တအိအိ နဲ့ကျလာတယ်ဆိုပေမယ့် ဖြတ်စဝယ်တဲ့ သူ ရောင်းတဲ့သူတွေရော ဒုံးဝယ်တဲ့သူ တွေရော အရောင်းရော အဝယ်ပါအေး နေတာ။ တရုတ်ဘက်ကလည်း အဝယ် ပါးသွားတော့ ဈေးကွက်မှာ အေးသွား တာလည်း ပါတာပေါ့"ဟု ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ သို့သော် အထည်ပိုင်းတွင်မူ အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရသည်။

"ရွှေဈေးက ဒီရက်ပိုင်းမှာ  အကျ ဘက်ကို ဦးတည်လာတော့ ဒုံးဝယ်တာ ထက် အထည်ကို ဝယ်ကြတဲ့သူတွေ များတယ်။ အခု  တန်ဆောင်တိုင်ပွဲ အပြီးမှာ အထည်ဘက်ကို လှည့်လာကြ တယ်။ ကမ္ဘာ့ရွှေဈေးကလည်း ငြိမ်နေ တော့ မြန်မာ့ရွှေဈေးက လိုက်ငြိမ်နေ တာပါ။ ကမ္ဘာမှာတော့ စီးပွားရေးလုပ် ငန်းရှင်ကြီးတွေက  ရွှေကို ဝယ်လိုက် ရောင်းလိုက်လုပ်နေကြတော့ အဝယ်နဲ့ အရောင်းမျှနေတဲ့သဘောရှိတယ်။ ဒါ ကြောင့်ရွှေဈေးက ငြိမ်နေတာပါ"ဟု ရွှေ ကုန်သည်တစ်ဦးက ဆိုသည်။မြန်မာ့ရွှေဈေးသည်  ဒီဇင်ဘာလ ၁ရက်နေ့က ၇၇၂၀၀၀ ကျပ် ရှိခဲ့သော် လည်း ဒီဇင်ဘာလ ၄၊ ၅၊ ၆ရက်နေ့တို့ တွင် ကျပ် ၇၆၅၀၀၀ ဖြင့် တန်းနေခဲ့ သည်။ ဒီဇင်ဘာလ ၇ရက်နေ့တွင်မူ ကျပ် ၇၆၈၅၀၀သို့ အနည်းငယ်မြင့် တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဒီဇင်ဘာ  ၁ ရက်တွင် ၁၇၁၅ ဒေါ်လာ ရှိခဲ့သော် လည်း ဒီဇင်ဘာ ၇ ရက်တွင် ၁၇၀၂ ဒေါ်လာသို့ ကျဆင်းလာခဲ့သည်။မယ်သီတာ