ထိုင်း၊ စင်ကာပူ၊ ဘူဂေးရီးယားနဲ့ ဗီယက်နမ်မှ မြေသြဇာများဝင်
ထိုင်း၊ စင်ကာပူ၊ ဘူဂေးရီးယားနဲ့ ဗီယက်နမ်မှ မြေသြဇာများဝင်နိုဝင်ဘာနောက်ဆုံးပတ်မှာ ဓာတ်မြေသြဇာတန်ချိန် ၇၃၄ ဒသမ ၁၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာသုံးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန် ၄၀၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန် ၂၅၀၊ အခြားမြေသြဇာ ၉ တန်၊ ဘူဂေး ရီးယားနိုင်ငံမှ မြေသြဇာက ၂၂၅ တန်၊ ဗီယက်နမ်နိုင်ငံမှ သြဂဲန စ်မြေသြဇာ တန်ချိန် ၂၁၀ တို့ကို တင်သွင်းခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ အတွင်း မြေသြဇာအဝင် တန်ချိန်က ခုနှစ်ထောင်ကျော်ရှိခဲ့ပြီး နိုဝင်ဘာလမြေသြဇာ အဝင်က တန်ချိန် ခြောက်ထောင့်လေးရာကျော်ရှိခဲ့တာကြောင့် နိုဝင်ဘာလမှ တန် ချိန် ခုနစ်ရာကျော် အဝင်နည်းခဲ့ပါတယ်။ MIRT (DOT)
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၀၀၀၀ ကျော်တင်သွင်းခဲ့နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၀၅၀၂ တန်ခန့် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေ ကတော့ မူဆယ်မှ ၁၀၂၈၆ တန်ကျော်၊ ကော့သောင်းမှ တန် ၃၀ နဲ့ ရိဒ်မှ ၁၈၅ တန်ခန့် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှအများဆုံးတင်သွင်းတဲ့ ဓာတ်မြေ သြဇာတွေကတော့ ယူရီးယား၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း ၁၀း၁၀း၅၊ ကွန် ပေါင်း ၁၅း၅း၅၊ တီစူပါဖော့စဖိတ်တို့ဖြစ်ပြီး ရိဒ်မှ ပိုတက်ရှ်နဲ့ ပုလဲတို့ဖြစ်ပါတယ်။ မူဆယ်မှာ ယူရီးယား ၁ တန်ကို ၃၆၅ ဒေါ်လာကျော်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁ တန်ကို ၂၄၂ ဒေါ်လာခန့်နဲ့ ၁၅ ပတ်လည် ၁ တန်ကို ၄၇၂ ဒေါ်လာကျော် ဈေးပေါက်လျက်ရှိပါတယ်။ နိုဝင်ဘာလတစ်လလုံးမှာ နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၅၄၇၇၃ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။ ဆွေဆွေဝင်း
ရာသီအေးအေးနဲ့ အရောင်းပါး အဝယ်အေးနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းအေးနေသလို ဈေး ကလည်း ဆက်တိုက်ဆိုသလို ကျလာတယ်လို့ သိရပါတယ်။ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်)နဲ့ တီစူပါ၄၆% (သံကွင်း-တရုတ်) ငါးရာကျပ်၊ ကွန် ပေါင်း ၁၆း၁၆း၈ တစ်ထောင်ကျပ်၊ တီစူပါ ၄၆% ၁၅၀၀ ကျပ်ဈေးကျ လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကပုလဲ အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၀၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (ထိုင်း) က ၂၇၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၂၅၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာအရောင်းအဝယ် ပါးနေတယ် လို့ သိရပါတယ်။ မြားကမ္ဘာနဲ့ တီစူပါ(မြားနီ-တရုတ်) က ဈေးအနည်းငယ်ကျလာ တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက မြား ကမ္ဘာ ၁၂း၁၃(အပြာ) က ၁၄၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၄၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၅၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ကျပ်၊ ယူရီးယား- ပုလဲ (ပန်းဖူး-တရုတ်) ၁၉၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၁၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်နဲ့ ပိုတက် ၂၅၀၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ မြေသြ ဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေး ကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးမှာယူရီးယား (နေရွက်လှေ-တရုတ်) ၁၉၀၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) က ၂၀၃၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၈၅၀၀ ကျပ်၊ ပိုတက်(ကနေဒါ) ၂၄၂၀၀ ကျပ်၊ ကွန်ပေါင်း၁၅း၁၅း၁၅ (နေရွက်လှေ-ယိုးဒယား) ၃၈၅၀၀ ကျပ်၊ ကွန် ပေါင်း ၂၅းရး၇ (အမ်-ယိုးဒယား) ၃၅၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၉၀၀၀ ကျပ် နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ရောင်းအားရှိနေပေမဲ့ ဒီတစ်ပတ်မှာ ပုံမှန်ပဲရှိတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယခင်ဈေးအတိုင်း ယူရီးယား-ပုလဲ (ပန်းဖူး) ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လု့ိ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ အရောင်းအေး သလို ဈေးကလည်းဆက်ပြီးကျ လာတယ်လို့ သိရပါတယ်။ ယူရီးယား-ပုလဲနဲ့ တီစူပါ ၁၅ ပတ်လည်က တစ်ထောင်ကျပ်၊ တီစူပါ ၁၂%၊ ယူရီးယား(ယူအေအီး)နဲ့ တီစူပါ ၁၀း၁၀း၅ က ငါးရာကျပ်၊ ဓာတ်ဆားက တစ်ထောင်ကျပ် ဈေးကျလာပြီး ပိုတက်က နှစ်ထောင့်ငါးရာကျပ်ဈေးမြင့်လာတယ်လို့သိရပါတယ်။ ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ပန်းဖူး၊ ရွှေတောင်) တရုတ် ၁၈၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၇၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) က ၈၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၄၀၀၀ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၅၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၇၅၀၀ ကျပ်၊ မြားကမ္ဘာက ၁၄၀၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)
