Main menu

Background

ထိုင်းနိုင်ငံမှ ဘိလပ်မြေတစ်မျိုးသာဝင်

Wed, 12/12/2012 - 04:34 -- Anonymous (not verified)

နိုဝင်ဘာလနောက်ဆုံးသီတင်းပတ်မှာ ဘိလပ်မြေတန်ချိန် ၃၇၀၀၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာသုံးသိန်း တစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ် မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ စိန်ဘိလပ်မြေ တစ်မျိုးသာဝင်ခဲ့တာတွေ့ ရပါတယ်။ လချုပ်အနေနဲ့ကြည့် မယ်ဆိုရင် အောက်တို ဘာလရဲ့ ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းခုနစ်သောင်းကျော်ရှိခဲ့ပြီး နိုဝင်ဘာ လရဲ့ ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းကျော်သာရှိခဲ့တာကြောင့် နိုဝင်ဘာလ မှာ ဘိလပ်မြေအဝင်တန် ချိန်ခုနစ်သောင်းကျော် အဝင်လျော့နည်းခဲ့ပါတယ်။            MIRT (DOT)

 
ဘိလပ်မြေ တန် ၄၀၀၀ ကျော် နယ်စပ်မှတင်သွင်းခဲ့နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ရက်ထိကာလအတွင်းမှာ ဘိလပ်မြေ ၄၅၃၆ တန်ကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ လွယ်ဂျယ်မှ ၁၃၇၃ တန်ကျော်၊ ချင်းရွှေဟော်မှ တန် ၈၀၊ တာချီလိတ်မှ ၂၄၈၀ တန်ကျော်၊ ကော့သောင်းမှ တန် ၂၅၀ နဲ့ မောင်တောမှ ၃၅၂ တန်ခန့် အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း နယ်စပ်မှ ဘိလပ်မြေ ၁၉၀၉၂ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။   ဆွေဆွေဝင်း
အဝယ်လိုက်နေပေမဲ့ ဈေးနှုန်းငြိမ်နေဆဲ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အဝယ်လိုက်နေ တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ  တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ မြင်းခေါင်းနဲ့ ကြံ့(မြိုင်ကလေး)က ဈေးမပြောင်းလဲပေမဲ့ ဆင် (ထိုင်း) က ဈေးအနည်း ငယ်မြင့်လာတယ် သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်း ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) တစ်အိတ်ကို ၄၈၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) တစ်အိတ် ၃၇၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရ ပါတယ်။ မန္တလေး ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲမှာ အေသုံးလုံး ဘိလပ်မြေက ဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာဆင်က တစ်ရာဝန်းကျင် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက အေသုံးလုံး ၅၆၀၀ ကျပ်၊ မြန်မာ ဆင် ၄၉၀၀ ကျပ်၊ ဆင် (ထိုင်း) ၅၉၀၀ ကျပ်၊ စိန် (ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  ဘိလပ်မြေအရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ အရောင်းအဝယ်က တက်လာပေမဲ့ ဈေးကငြိမ်နေတယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း) တစ်အိတ်ကို ၄၈၀၀ ကျပ်၊ စိန်(ထိုင်း) တစ်အိတ် ကို ၄၇၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ်၊ မောင်းတိန်း ၄၄၀၀ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိနေပေမဲ့ ဈေးကတော့ ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးကဆင်(ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၈၀၀ ကျပ်တို့နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် နည်းနည်းကောင်း တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ လည်း ဆင်(ထိုင်း) က ပစ္စည်းအဝင်မရှိဘူးလို့ သိရပါတယ်။ ခြင်္သေ့ဘိလပ်မြေက ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးက ခြင်္သေ့ဘိလပ်မြေ ၅၀၀၀ ကျပ်၊ စိန်(ထိုင်း) ၆၅၀၀ ကျပ်၊ မြို့တော်ဘိလပ်မြေ ၄၉၀၀ ကျပ်၊ နဂါး ဘိလပ်မြေ ၅၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။                               MIRT (DOT)