Main menu

Background

နို့ဆီ၊ နို့မှုန့်သာမက နို့စိမ်းပါအဝင်ရှိခဲ့

Wed, 12/12/2012 - 04:36 -- Anonymous (not verified)

ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ နိုဝင်ဘာ နောက်ဆုံးပတ်မှာ နို့ဆီ ၁၂ တန်၊ နို့စိမ်း ၂၆၃ တန်၊ စုစု ပေါင်း ၂၇၄ တန် အဝင်ရှိခဲ့ပါတယ်။  နို့စိမ်းက  နိုဝင်ဘာလအတွင်းမှာ ဒီ သီတင်းပတ်တစ်ပတ်တည်းသာ နို့စိမ်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က သြစတြေးလျ၊ စင်ကာပူ၊ နယူးဇီလန်နဲ့ မလေးရှားနိုင်ငံတို့မှ နို့မှုန့် စုစုပေါင်း တန်ချိန် ၂၉၃ ဒသမ ၉၁ တင်သွင်း ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆို ရင် နိုဝင်ဘာလအတွင်း နို့ဆီကတန်ချိန် ငါးရာကျော်၊ နို့စိမ်းက တန်ချိန် ရှစ်ရာ ကျော်အဝင်နည်းခဲ့ပေမဲ့ နို့မှုန့်ကတန်ချိန် နှစ်ရာနီးပါး အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။                   MIRT (DOT)

 
နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အသွင်းစုံနိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၁၂၆ သန်း တန် ဖိုးရှိ နို့ဆီ ၁၂၉ တန်ကျော်နဲ့ ကန် ဒေါ်လာ သုည ဒသမ ၂၀၉ သန်းတန် ဖိုးရှိ နို့စိမ်း ၂၀၈ တန်ကျော် တင်သွင်း ခဲ့ပါတယ်။  ယခုအပတ်မှာ မူဆယ်နယ် စပ်ကတော့ ကန်ဒေါ်လာ သုည ဒသမ ၀၆၁ သန်း တန်ဖိုးရှိ နို့မှုန့် ၂၁ တန် ကျော် တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း  မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနဲ့ မြိတ်နယ်စပ် စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၆ သန်းတန်ဖိုးရှိ နို့ဆီ ၂၀၄ တန် ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၃၉ သန်းတန်ဖိုးရှိ နို့စိမ်း ၂၄၂ တန် ကျော် တင်သွင်းခဲ့ပြီး မြန်မာ-တရုတ် နယ်စပ် မူဆယ်စခန်းမှ ကန်ဒေါ်လာ ၀ ဒသမ ၁၆၁ သန်းတန်ဖိုးရှိ နို့မှုန့် ၅၆ တန် ကျော် တင်သွင်းခဲ့ကြပါတယ်။        တင်တင်ထွန်း