Main menu

Background

သီးနှံဈေးကွက်မောင်းနှင်မှုကြောင့် ယခုနှစ်ပဲပုပ်က ပြောင်းထက်ကျော်လွန်နိုင်

Wed, 12/12/2012 - 04:37 -- Anonymous (not verified)

သီးနှံထုတ်လုပ်နိုင်စွမ်း ပြန်လျော့ နိုင်တာကြောင့် လာမယ့်နှစ်သီးနှံဈေး နှုန်း ဦးတည်ရာက ပြောင်းထက် ဂျုံက ပိုနိုင်တယ်လို့ FAO မှ စီးပွားရေး ပညာရှင် Abdolreza  Abbassiam  မှ ပြောကြားပါတယ်။ ပင်လယ်နက် ပြ ဿနာကြောင့် အမေရိကန်မှ ရောင်းချ မှု နည်းနိုင်တဲ့အတွက် ဂျုံက ဦးဆောင် နိုင်တဲ့ အခြေအနေရှိတယ်လို့ ခန့်မှန်း ခြင်းဖြစ်ကြောင်း ၎င်းင်းကဆိုပါတယ်။ ချီ ကာကိုမှာ ယခုနှစ် ပြောင်းဈေးက ၁၆ ရာခိုင်နှုန်းနဲ့ ပဲပုပ်က ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် ဂျုံဈေးက ၃၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ဘူရှယ် ကန်ဒေါ်လာ ၈ ဒသမ ၅၅၅ (တစ်တန် ကန်ဒေါ်လာ ၂၃၁)ထိရှိခဲ့ပါတယ်။

ယခုနှစ် ပြောင်းနဲ့ ပဲပုပ်ဈေးက စံချိန်တင်မြင့်တက်ခဲ့ပြီး၊ ဂျုံဈေးက ၂၀၀၈ ခုနှစ်မှာ အမြင့်ဆုံးဖြစ်တဲ့ ကန်ဒေါ်လာ ၁၃ ဒသမ ၄၉၅ (တစ် တန် ကန်ဒေါ်လာ ၃၆၄)ဈေး ထက် ၃၇ ရာခိုင်နှုန်းအောက် မှာရှိနေခဲ့ပါ တယ်။ သြစတြေးလျ၊ အမေရိကန် နိုင်ငံတွေမှာ မိုးခေါင်ခြောက်သွေ့ပြီး၊ ရုရှားနိုင်ငံက နှစ် ၂၀ အတွင်း အအေး ဆုံးနဲ့ ရင်ဆိုင်နေရလု့ိ ကုန်စည် ၂၄ မျိုးထဲမှာ ဂျုံဈေးက အမြင့်ဆုံးဖြစ်ခဲ့ပါ တယ်။ ယခုနှစ်မှာ ပြောင်းက ဈေးကွက် ဦးဆောင်ခဲ့ပြီး၊ ၂၀၁၃-၁၄ မှာတော့ ဂျုံက ဦးဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ရုရှားတောင်ပိုင်းမှ တောင်သူတွေ က ခြောက်သွေ့တဲ့မြေမှာ ဆောင်းဂျုံ တွေ စိုက်ပျိုးထားပြီး၊ အမေရိက မှာလည်း မိုးခေါင်ခြောက်သွေ့လို့ လာ မယ့်နှစ် ရိတ်သိမ်းရာသီမှာ သီးနှံထွက်ရှိ မှုက ၂၇ နှစ်ခန့်အတွင်း အဆိုးဆုံး ဖြစ် နိုင်တယ်လို့ ဆိုပါတယ်။ ဗြိတိန်မှာ အစို ဓာတ်များလို့ စိုက်ပျိုးမှုနှေးကွေးနေ တယ်လို့ ဆိုပါတယ်။ အဓိက တင်ပို့သူ တွေဖြစ်တဲ့ ယူကရိန်း၊ ရုရှားနဲ့ သြစ တြေးလျတို့မှာ အထွက်လျော့ကျလို့ ဇွန် လအထိ ယခုရာသီ ကမ္ဘာ့ဂျုံထွက်ရှိမှု ဟာ ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၆၅၄ ဒသမ ၄ သန်းရှိမယ်လို့ နိုင်ငံတကာ သီးနှံကောင်စီ(IGC) မှ ခန့်မှန်းထားပါတယ်။ ဂျုံတန်ချိန် ၄၀ ဒသမ ၈ သန်းအထွက် ကျဆင်းမှုက ၂၀၁၂-၁၃ မှာ ကမ္ဘာ့တင်သွင်းမှုရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့လည်း IGC စာရင်းများက ဖော်ပြနေပါတယ်။ ယူကရိန်းနိုင်ငံအတွင်း ဂျုံရောင်း ချမှုနည်းခြင်းကြောင့် ဂျုံတင်ပို့မှုကို ကန့်သတ်မယ့် သတင်းတွေအရ ဂျုံဈေး က မြင့်တက်လိမ့်မယ်လို့ FAO စီးပွား ရေးပညာရှင်ကဆိုတယ်လို့ ဘလွန်း ဘတ် သတင်းအရ သိရပါတယ်။ယမင်းရွှေစင်