Main menu

Background

လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပကို နှမ်းတန်ချိန် ၈ သောင်းကျော် တင်ပို့ထားပြီး

Wed, 12/12/2012 - 04:38 -- Anonymous (not verified)

လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပကို နှမ်းမျိုးစုံ တင်ပို့မှု တန်ချိန် ၈၁၀၀၀ ကျော်ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၃၇ သန်းခန့် ရရှိထားကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၇၇၀၀၀ ကျော် တင်ပို့ထားခြင်းမှ ကန်ဒေါ်လာ ၁၀၉ သန်းခန့် ဝင်ငွေရရှိလို့ ပြီးခဲ့တဲ့နှစ် ကာလတူထက် ပမာဏအားဖြင့် တန်ချိန် ၄ ထောင်ခန့်ပိုမိုပြီးရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၈ သန်းခန့် ပိုမိုကြောင်း သိရပါ တယ်။ယခုတစ်ပတ်အတွင်း တင်ပို့မှုမှာ တန်ချိန် ၉၅၀ ကျော်ကို ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်းနဲ့ တရုတ်ကိုတင်ပို့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အတွင်း မြေပဲတန်ချိန် ၃၅၀၀၀ကျော်တင်ပို့ထားပြီးကန်ဒေါ်လာ ၅၁ သန်းခန့် ရရှိ ထားရာ ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် တစ်နှစ်လုံး မြေပဲဆန်တင်ပို့မှု တန်ချိန် ၁၂၂၀၀ ကျော်မှ ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၈ သန်းခန့်ထက် ၃ ဆခန့် တင်ပို့မှုပိုမိုနေပြီ ဖြစ်ကြောင်း သိရပါတယ်။                          MIRT - MAPT