Main menu

Background

ရာသီဥတုဆိုးခြင်းကြောင့် ပဲပုပ်ရောင်းချမှု တရုတ်ဝယ်လိုအားရှိလာခြင်းကြောင့် စားအုန်းဆီဈေးအနည်းငယ်မြင့်တက်

Wed, 12/12/2012 - 04:40 -- Anonymous (not verified)

အာဂျင်တီးနားမှာ မကြုံဖူးတဲ့ ရာသီဥတုအေးခြင်းကြောင့် ပဲပုပ်ရောင်းချမှု အဟန့်အတားဖြစ်ခြင်းနဲ့ တရုတ်နိုင်ငံဝယ်လိုအား မြင့်တက်ဖွယ်ရှိခြင်းအလား အလာများအရ ဒီဇင်ဘာ ၆ ရက် မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေး သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံရဲ့ နိုဝင်ဘာလ ပဲပုပ် သိုလှောင် လက်ကျန် စံချိန်တင်မြင့်တက်မှုနဲ့ ပတ်သက်လို့တော့ ရင်းနှီးမြှုပ်နှံသူ တွေရဲ့ စိုးရိမ်မှုရှိခြင်းက ဈေးနှုန်းမြင့်တက်မှု ကို ထိန်းချုပ်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ နိုဝင်ဘာလ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီသိုလှောင်လက်ကျန်က တန်ချိန် ၂ ဒသမ ၅၈ သန်းခန့်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ တတိယ ပဲပုပ်အများဆုံးရောင်းတဲ့ အာဂျင်တီးနားမှာ ရာသီဥတု စိုစွတ်ခြင်းက စိုက်ပျိုးမှုနှောင့်နှေးပြီး၊ အထွက်နှုန်းကို ခြိမ်းခြောက်တဲ့ တစ်ချိန်တည်း မှာ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက ခိုင်မာလာတယ်လို့ ဆိုပါတယ်။ အမေရိကန်ပဲပုပ် ဝယ်ယူမှု မြင့်တက်နေတဲ့ တရုတ်နိုင်ငံဟာ ဇန်နဝါရီလ ၁ ရက်မှာစတင်မယ့် သန့် စင်ပြီး ဆီနဲ့ပတ်သက်လို့ အရည်အသွေး ထိန်းချုပ်မှု ပိုမိုတင်းကျပ်မလာခင် စားအုန်း ဆီ ပိုမိုတင်သွင်းဖို့လည်း ဆောင်ရွက်နေပါတယ်။ ဝယ်လိုအား ပိုမိုလာခြင်းကယခုနှစ်မှာလက်ကျန်သိုလှောင်မှုတွေများပြီး၊ အီးယူ ဇုန် အေ<ကးပြဿနာအရ ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းတွေကြောင့် ၃ လပတ် ၃ ပတ်ဆက်တိုက်ကျဆင်းခဲ့တဲ့ စားအုန်းဆီကြိုပွိုင့်ဈေး ပြန်ပြီး ထောင် တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ စားအုန်းဆီဈေးကွက်မှာ သိုလှောင်မှု တွေ မြင့်တက်နေပေမယ့် တောင်အမေရိက ပဲပုပ်သီးနှံကျဆင်းနိုင်တယ်လို့ ကုန်သည်တစ်ဦးကဆိုပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ အခြေခံစံနှုန်းစာချုပ်ဈေးက သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ရင်းဂစ် ၂၃၀၀ (ကန်ဒေါ်လာ ၇၆၀)ဈေးရှိခဲ့ပါတယ်။ မလေးရှားဆီအုန်းစိုက်ပျိုးသူတွေက ဒီဇင်ဘာလကုန်မှာ သက်တမ်းတိုးမယ့် ၎င်းင်းတို့အတွက် နှစ်စဉ်အခွန် ကင်းလွတ်တဲ့ ပို့ကုန်ကိုတာ ၃ ဒသမ ၅ သန်းလုံး တင်ပို့နိုင်ဖို့ အသည်းအသန်ဆောင်ရွက်နေကြလို့ နောက်သီတင်း ပတ် အနည်းငယ် မှာ မလေးရှား စားအုန်းဆီကြမ်းတင်ပို့မှု မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ စားအုန်းဆီနဲ့ ပြိုင်ဖက်ဈေးကွက်တွေမှာတော့ ဒီဇင်ဘာပို့ရမယ့် အမေရိကန် ပဲပုပ်ဆီဈေးက သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ မေလပဲပုပ်ဆီဈေးလည်း သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရပါတယ်။                                 ယုဇန