Main menu

Background

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီအရောင်းအဝယ်ပါးပြီးပဲတီစိမ်းနဲ့ သိပ္ပံနှမ်း အရောင်းအဝယ်ပုံမှန်ရှိနေ

Wed, 12/12/2012 - 04:52 -- Anonymous (not verified)

အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ပြည်ပဝယ်လိုအားအေးနေတာကို အကြောင်းပြပြီး တွက် ချက်ဝယ်ယူမှုတွေရှိနေသလို ရောင်းသူကုန်သည်များကလည်း တက် ဈေးမျှော်ပြီး အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၂၀ ခန့်သာဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပဲတီစိမ်း ကြီးကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၀၆၅ ကျပ်(တစ်တန်ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သိပ္ပံနှမ်းကို လည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန် သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျလာပြီး တစ်ပိဿာကို ၂၅၁၁ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။