Main menu

Background

တောင်ကြီးဈေးကွက်မှာ ပြောင်းအရောင်းအဝယ်ပုံမှန်ဖြစ်

Wed, 12/12/2012 - 04:57 -- Anonymous (not verified)

တောင်ကြီးဈေးကွက်မှာ တန်ဆောင်တိုင်ပွဲတော်အပြီး ပြောင်းအရောင်းအဝယ်ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြောင်းကဈေး ကွက်ကို အဝင်လှိုင်လာသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသ တွင်းအစာစပ်လုပ်ငန်းရှင် များကလည်း ဝယ်အားပုံမှန်ရှိနေတယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၃၃၀ ကျပ်ဈေးနဲ့ တစ်ရက်ကို ပိဿာချိန် ၆၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။