ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက ရောင်းသူကုန်သည်တွေထံ မှာ ပစ္စည်းလက်ကျန်နည်းနေတာရယ်၊ ပဲဈေးနှုန်း တွေ ဆက်လက်ကျ ဆင်းနေတာရယ်ကြောင့် အရောင်းအဝယ်လည်း အေးနေတယ်လို့ မြို့ခံကုန်သည်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ပဲတီစိမ်းသေး ကတော့ ရန်ကုန်-မန္တလေးဝယ်လက်က အဝယ်အနည်း ငယ်ရှိလို့သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပြောရမှာပါ။ အရောင်းအဝယ်အ နေနဲ့ တစ်ပိဿာကို ၁၀၇၈ ကျပ်(တစ်တန်ကို ၆၆၀၁၅၆ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၃၀ မှ ၅၀ ကြားသာဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
Background