Main menu

Background

ကုမ္ပဏီလုပ်ငန်းရှင်ကုန်သည်ကြီးများအနေဖြင့် အသိစိတ်ဓာတ်ရှိရှိဖြင့် ဝိုင်းဝန်းထိန်းကျောင်းဆောင်ရွက်သွားကြရန် တိုက်တွန်း

Wed, 12/12/2012 - 05:00 -- Anonymous (not verified)

မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုမြှင့်တင် ရေး အစည်းအဝေးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ တယ်။

အစည်းအဝေးမှာ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်အောင်မှ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လှုပ်ရှားရှာဖွေတားဆီးရေး အဖွဲ့ (Mobile Team) ဖွဲ့စည်း တာဝန်ပေးအပ်ရန် ဆောင် ရွက်မှုအစီအမံများအား တင်ပြထားပြီးဖြစ်ကြောင်း၊ Check-Point နေရာမျာ းတွင် စစ်ဆေးမှာဖြစ်ပြီး မိသားစုဆန်ဆန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်းမှုများ ဟာ တရားဝင်လမ်းကြောင်းမှ မသွားဘဲ တရားမဝင် လမ်း ကြောင်းမှ သွားလာနေမှုများပြားနေတဲ့အတွက် ကြိုတင် ဆောင်ရွက်မှုများပြုလုပ် ထားရန်လိုအပ်ကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များမှ ဌာနဆိုင်ရာများရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းဆောင်ရွက်ရန် မေတ္တာရပ်ခံပါကြောင်း၊ ကုမ္ပဏီ လုပ်ငန်းရှင်ကုန်သည်ကြီး များအနေဖြင့် အသိ စိတ်ဓာတ် ရှိရှိဖြင့် ဝိုင်းဝန်းထိန်းကျောင်းပြီး မြိတ်ခရိုင်ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရဲ့ကြီးကြပ်မှု အောက်မှာ လုပ်ငန်းများ ဆောင်ရွက်သွားကြရန် တိုက် တွန်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။             မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအ သင်း ဥက္ကဋ္ဌ ဦးလှသန်းမှ မြိတ်ခရိုင် ဒေသအတွင်း အသင်းအဖွဲ့များ ဖွဲ့စည်းထားမှု မရှိပါက ပြောဆိုရမယ့်ကိစ္စ များမှာ အခက်အခဲများဖြစ်လာနိုင်ကြောင်း၊ တစ်ဦးချင်း ပြော ဆို ဆောင်ရွက်ရခြင်းထက် အသင်းအဖွဲ့ဖြင့် ပြောဆိုဆောင် ရွက်ခြင်းသည် ပိုမိုအဆင်ပြေနိုင်ကြောင်း ထည့်သွင်းပြော ကြားခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌမှ မြိတ်ခရိုင် CCI မှ စက်သုံး ဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းနဲ့ စားသုံးဆီ တင် သွင်း ဖြန့်ဖြူးရောင်းချရေး အသင်း (၂)သင်း ဖွဲ့စည်းထားပြီး ဒီဇယ်၊ ဓာတ်ဆီသာမက စားသုံးဆီပါ တင်သွင်းခွင့်ရရှိပြီး ဖြစ်ကြောင်း၊ ဆက်လက်ပြီးလည်း စားသောက်ကုန်ဖြန့်ဖြူး ရောင်းချရေးအသင်း၊ လူသုံးကုန်ဖြန့်ဖြူးရောင်းချရေးအသင်း၊ ဆေးဝါးဖြန့်ဖြူးရောင်းချ ရေးအသင်း၊ ကုန်မာဖြန့်ဖြူး ရောင်း ချရေးအသင်းတို့ကို ပီပြင်အောင်ဖွဲ့စည်းပြီး တင်သွင်းလိုသော ပစ္စည်းများကို အသင်းနှင့်တကွတင်ပြပါက တင်သွင်းခွင့်ရရှိ လာနိုင်မယ်လို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။ တစ်ဦးတည်းပိုင် ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကတ်   (Individual Trading Card) အမြန်ဆုံးခွင့်ပြုပေးပါက ကုန်သည် လုပ်ငန်းရှင်များ အဆင်ပြေလွယ်ကူ လာမှာဖြစ်ကြောင်း ပြော ကြားခဲ့တယ်လို့ သိရှိရပါတယ်။Source:  နကသ (မြိတ်)၊အေးအေးမြ