Main menu

Background

ချင်းရွှေဟော်တွင် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရန် Mobile Team အဖွဲ့မှ ဆောင်ရွက်လျက်ရှိ

Wed, 12/12/2012 - 05:01 -- Anonymous (not verified)

တရားမဝင်ကုန်သွယ်မှုများ အားတားဆီးထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာကုန်သွယ်ရေး စခန်းနယ်မြေ အလိုက် ဆောင်ရွက်လျက်ရှိရာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း အနီးတစ်ဝိုက်တွင်လည်း ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ စခန်း ထုတ်နှုတ်အင်အားဖြင့် မော်တော်ယာဉ်များကို စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

စခန်းထုတ်နှုတ်အင်အားအဖွဲ့မှာတော့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအာဏာပိုင်နှင့် ကုန်သည်များအသင်းကိုယ်စားလှယ်တို့လည်း ပါဝင်တယ်လို့သိရ ပါတယ်။ ထိုသို့စစ်ဆေးရာမှာသက်ဆိုင်ရာဌာနအလိုက် မိမိတို့နှင့်သက်ဆိုင်သည့်စာရွက်စာတမ်းအချက် အလက်ပါစာရင်းနဲ့ အမှန် တင်ဆောင်ခဲ့သည့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့တယ်လို့ သိရပြီး ကွဲလွဲမှုရှိနေခြင်းနဲ့ လိုင်စင်နှင့်အခွန် ဆောင်ထားမှုများမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ စခန်းတွင် ပြန်လည်သွားရောက်ပြီး လိုင်စင်လျှောက်ထားခြင်း၊ အခွန်ဆောင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရပါတယ်။ သို့သော် ကန့်သတ်တားမြစ်ထားတဲ့ကုန်ပစ္စည်း၊  FDA ခွင့်ပြုချက်မရှိသောစားသောက်ကုန်များဖြစ်ပါက သိမ်းဆည်းမည် ဖြစ်ပြီးမူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းကဲ့သို့ ပစ္စည်းများဖြစ်ပါက သက်ဆိုင်ရာသို့အပ်နှံကာ အရေးယူဆောင်ရွက်မည် ဖြစ် ကြောင်း တရားမဝင်ကုန်ပစ္စည်း များတားဆီးထိန်းချုပ်ရေးအဖွဲ့  Mobile Team အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။အိုပါး (ချင်းရွှေဟော်)