Main menu

Background

အတန်ကြာဈေးကွက်ပျောက်ဆုံးနေတဲ့ နေလှန်းဆားများပြန်လည်တင်ပို့နိုင်ခဲ့ပြီ

Wed, 12/12/2012 - 05:05 -- Anonymous (not verified)

ကာလအတန်ကြာဈေးကွက်ပျောက်ဆုံးနေတဲ့ နေလှန်း ဆားများပြန်လည်တင်ပု့ိနိုင်ရေးအတွက် ပြည်နယ်အစိုးရမှ တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ခံဆောင်ရွက်ပေးခဲ့သလို မိမိ တို့ ကုန်သည်လုပ်ငန်းရှင ်များ၊ ဆားတောင်သူများအနေနဲ့ ဈေး ကွက်ပြန်လည်ရရှိချိန်မှာ အရည်အသွေးကောင်းမွန်ပြီး တန် ချိန်နှင့် ဈေးနှုန်းမှန်ကန် တိကျစွာဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း၊ ဒါမှသာ မိမိတို့ရခိုင်ပြည်နယ်ရဲ့ နေလှန်းဆားဈေး ကွက်တည်တံ့ နိုင်မှာဖြစ်ကြောင်း၊ စစ်တွေနယ်စပ် ကုန်သွယ် ရေးစခန်းရဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ကုန်သွယ်မှုမြှင့်တင် ရေး အစည်းအဝေးမှာ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရွှေထွန်း အောင်က ပြောကြားခဲ့ပါတယ်။ မကြာမီက ဆားလုပ်ငန်း ဌာနမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်၊ ရခိုင်ပြည်နယ်တို့မှ ကိုယ်စားလှယ်များနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံမှ ဆားတန်ချိန် ၅၀၀၀၀ ဝယ်ယူရန် သဘောတူ ထားသော်လည်း စာချုပ် မချုပ်ရသေး ကြောင်း သိရှိရပါတယ်။

ယခင်ကာလက ဆားတင်ပို့တဲ့လှေတစ်နေ့လျှင် အစီး ၂၀-၃၀ ခန့်ရှိခဲ့ပြီး တစ်လလျှင် လှေစီးရေ ၁၀၀ ကျော် ရှိခဲ့ပါ တယ်။ ယခုအခါနေလှန်းဆားများ ပြန်လည်တင်ပို့နိုင်ရေး ကိစ္စရပ်များအကောင်အထည် ပေါ်လာပါက ဆားဈေး ကွက် အောင်မြင်လာမှာ ဖြစ်ပါတယ်။ ယခင်ကနေလှန်းဆားဟာ တစ်ဖက် နိုင်ငံမှာ တရားမဝင် ဝင်ရောက် ရောင်းချနေရတာ ဖြစ်ပါတယ်။ ယခုအခါ တစ်ဖက်နိုင်ငံ ကောင်စစ်ဝန်ရုံးမှ တစ်ဆင့် တာဝန်ယူ  ဝယ်ယူခြင်းဖြစ်ပြီး  ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ နေလှန်းဆားတန်ချိန် ၁၀၀၀၀ ဝယ်ယူလို ကြောင်း ကမ်းလှမ်းလာမှုအပေါ် လှေ ၈ စီးဖြင့် နှစ်သုတ်ခွဲပြီး တန်ချိန် ၂၅၄၅ တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ တန်ချိန် ၇၀၀၀ ကျော်ကိုလည်း ဆက်လက်တင်ပို့သွားမယ်လို့ သိရှိရပါတယ်။ မိမိတို့လက်ထက်တွင် ဈေးကွက်ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ နေလှန်းဆားများကို တစ်ဖက်နိုင်ငံနဲ့ ဝယ်ယူရေး ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ဆားထုတ်လုပ်သူများ အစုအဖွဲ့ကို ဖွဲ့စည်းပေးထားကြောင်း၊ ဆား တင်ပို့ကုမ္ပဏီများ ကိုလည်း တွေ့ဆုံပြီး ဆားထုတ်လုပ်သူများ မကျန်အောင် ဆောင်ရွက်ပေးရန်နဲ့ ဆားလုပ်ငန်း စဉ်ဆက်မပြတ်ပါက ဆင်းရဲမှု လျှော့ချရေးကိုအထောက်အ ကူဖြစ်ပါကြောင်းနဲ့ မိမိ တို့ ရခိုင်ပြည်နယ် ပြည်သူပြည်သားများ အလုပ်အကိုင်အခွင့် အလမ်းများ ရေရှည်ရရှိရေးအတွက် ညီညီညွတ်ညွတ်ဆောင် ရွက် သွားကြရန်လိုပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြအောင်မှ ပြောကြား ကြောင်း သတင်းရရှိပါတယ်။Souce: နကသ (စစ်တွေ)၊အေးအေးမြ