Main menu

Background

ကုန်သွယ်မှု ဆက်လက်တိုးတက်လာမယ့် ချင်းရွှေဟော်

Wed, 12/12/2012 - 05:06 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ပို့ကုန် ကန်ဒေါ် လာ ၁၇ ဒသမ ၅၁၈ သန်းနဲ့သွင်းကုန်ကန်ဒေါ်လာ ၁ ဒသမ ၉၄၄ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေနှင့် ကန်ဒေါ်လာ ၁၉ ဒသမ ၄၆၂ သန်းဖိုး ဆောင် ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာနဲ့နှိုင်းယှဉ်ပါက ပို့ကုန် ကန် ဒေါ်လာ ၆ ဒသမ ၇၈၉ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၇၁၄ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ၈ ဒသမ ၅၀၃ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သလို ယမန်နှစ်အလားတူ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလနဲ့နှိုင်းယှဉ်ပါကလည်း ပို့ ကုန်ပိုင်းတွင် ဒေါ်လာသန်းပေါင်း ၉ ဒသမ ၉၇၆ ၊ သွင်း ကုန်ပိုင်းတွင် ဒေါ်လာသန်းပေါင်း ၁ ဒသမ ၉၃၆  ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၁၁ ဒသမ ၉၁၂  ပိုမိုဆောင်ရွက်နိုင်ခဲ့ ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာအတွင်း ကုန်သွယ်မှုတိုးတက်ခဲ့ ခြင်းမှာ ပို့ကုန်ပိုင်းတွင် ဆန်၊ ကြံ၊ ပြောင်း၊ ရော်ဘာ၊ သကြား၊ ကဏန်း၊ ငါးရှဉ့်၊ ဒရင်ကောက်မြစ်၊ ချိတ်၊ မျောက်ဥခြောက်၊ တောဂျူး၊ အုံတုံခေါက်နှင့် ဆံပင်တို့ကို တင်ပို့နိုင်ခဲ့သလို သွင်းကုန်ပိုင်းမှာလည်း ဘိလပ်မြေ၊ စားသုံးဆီ၊ ကော်စေ့၊ ဖယောင်း၊ ဓာတ်ဆီ၊ အချိုမှုန့်နဲ့ အခြားသွင်းကုန်အမယ်စုံတို့ တင်သွင်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ ကုန်သည်လုပ်ငန်းရှင်များကိုလည်း တရားဝင် လမ်း ကြောင်းမှ တင်ပို့တင်သွင်းခြင်းဖြင့် လုံခြုံစိတ်ချနိုင်ကြောင်း စည်းရုံးဆွေးနွေးခဲ့ခြင်း၊ လိုင်စင်ဖြင့် တင်သွင်းရန် ပညာပေး စည်းရုံးဆောင်ရွက်ခြင်းနဲ့ နောင်လာမယ့်ကာလ များမှာ ပြောင်း၊ ကြံနဲ့ ရွှေဖရုံသီးတို့ တင်ပို့နိုင်မှာဖြစ်လို့ ကုန်သွယ်မှု လည်း ဆက်လက်တိုးတက်လာနိုင်မယ်လို့ သတင်းရရှိပါ တယ်။MIRT (DOBT)