Main menu

Background

ကန်ဒေါ်လာ ၁၅ သန်းနီးပါး ဆောင်ရွက်နိုင်တဲ့ မြိတ်နယ်စပ်စခန်း

Wed, 12/12/2012 - 05:08 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်း သည် ၂၀၁၂ နိုဝင်ဘာလတွင် ပို့ကုန်ကန်ဒေါ်လာ ၁၁ ဒသမ ၂၅၇ သန်း၊သွင်းကုန်ကန်ဒေါ်လာ ၃ ဒသမ ၆၆၅သန်း၊ ကုန် သွယ်မှုပမာဏ       ၁၄ ဒသမ ၉၂၂ သန်း ဆောင်ရွက်နိုင်ခဲ့ ပြီး လျာထားချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါ တယ်။

အနီးစပ်ဆုံးကာလဖြစ်သော ၂၀၁၂ အောက်တိုဘာလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် ကန်ဒေါ်လာ ၁ ဒသမ ၃၈၇ သန်း လျော့နည်းပြီး သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၂၁၈ သန်း ပိုမိုဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်း လျော့နည်းခဲ့ပါတယ်။ ယမန်နှစ်ကာလတူဖြစ်သော ၂၀၁၁ နိုဝင်ဘာလ နဲ့နှိုင်းယှဉ်ပါက ပို့ကုန် ကန်ဒေါ်လာသုညဒသမ ၈၄၀ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၃ ဒသမ ၀၈၁ သန်း ပိုမိုဆောင် ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  ၃ ဒသမ ၉၂၁ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ၂၀၁၂ နိုဝင်ဘာ လတွင် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သော ရော်ဘာ MSR-20 ၊ ရော်ဘာ RSS-3 ၊ ရေထွက်ကုန် ပစ္စည်းများ ဖြစ်သော ငါးမျိုးစုံ၊ အေးခဲကဏန်းပျော့၊ အေးခဲပုစွန်၊ ရေငန် ပုစွန်၊ ငါးမှုန့်၊ အေးခဲကင်းမွန်၊ ငါးအသားလွှာ၊ ကင်းမွန်ပြုတ် ခြောက်၊ ပုစွန်ခြောက်၊ ငါးဆားနယ်၊ ကင်းမွန်အသားလွှာ၊ ငါးခြောက်၊ အေးခဲကဏန်းနီ၊ ကဏန်းသေး (အသေ)၊ ကဏန်းနီ၊ ကင်းမွန်ခေါင်း၊ ကင်းမွန်ကောင်လုံးသန့်၊ အေးခဲ ရေငန်ပုစွန်၊ ရွှံ့ကဏန်း (အရှင်)၊ သစ်တောထွက်ကုန် ပစ္စည်း များဖြစ်သော ကဒွတ်၊ ကညင်၊ ဦးဘန်တို့ တင်ပို့နိုင်တာတွေ့ရ ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ ကြွေ ပွတ်လုံး၊ လွှ၊ ကြွေပြား၊ သံကြိုး၊M.S SHEET ၊ လုပ်ငန်း သုံးကုန်ကြမ်းများဖြစ်သော အမိုနီးယမ်ဆာလဖိတ်၊ ဓာတ် မြေသြဇာ၊ ငါးထည့်ခြင်း၊ ကွန်ပေါင်းဓါတ်မြေသြဇာ၊ ဒီဇယ်ဆီ၊ အင်ဂျင်ဆီ၊ ဓာတ်ဆီ၊ ပုံးခွံလွတ်၊ လူသုံးကုန်ပစ္စည်းများ ဖြစ်သော ကြက်စာ၊ စတော်ဘယ်ရီ ညှပ်ဘီစကစ်၊ ပလတ် စတစ်ထိုင်ခုံ၊ ဟင်းရွက်ဆီတို့ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT)