Main menu

Background

ရိဒ်နယ်စပ်မှ ဝက်အရှင် ကီလို ၁ သောင်းကျော် တင်ပို့နိုင်

Wed, 12/12/2012 - 05:08 -- Anonymous (not verified)

မီဇိုရမ်လူမျိုးများအကြိုက်ဖြစ်တဲ့ ဝက်အရှင်များကို ရိဒ်နယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့် ဒီဇင်ဘာလ ပထမပတ်မှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်းဖိုးရှိ ၁၀၁၆၂  ကီလို ဝက်အရှင်တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလနောက် ဆုံးပတ်မှာတော့ တင်ပို့မှုမရှိခဲ့ပါဘူး။ ရိဒ်နယ်စပ်မှ နိုဝင်ဘာလတစ်လလုံးမှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းဖိုးရှိ ဝက်အရှင်၂၀၈၀၂ ကီလိုကို တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဝက်သားပေါက်များရဲ့ မိမိဘက်ဈေး၊ တစ်ဖက်နိုင်ငံဈေးများ ကို ဖော်ပြပေးလိုက်ရပါတယ်။

မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေးဝက်အရှင် ၂ လသား            ၄၀၀၀၀       ၃၂၂၅ ရူပီးဝက်အရှင် ၁ နှစ်သား         ၁၅၀၀၀၀     ၁၀၆၄၃ ရူပီးဝက်အရှင် ၃ နှစ်သား        ၂၅၀၀၀၀      ၁၈၀၆၀ ရူပီး ခင်မိုးသူ၊MIRT(DOBT)