Main menu

Background

မလေးရှားသို့ ပင်လယ်ရေကြောင်းမှ ရော်ဘာပုံမှန်တင်ပို့လျက်ရှိ

Wed, 12/12/2012 - 05:13 -- Anonymous (not verified)

မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်ထိကာလအတွင်းမှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ရော်ဘာ RSS-5  တန် ၂၀ နဲ့  MSR-20  တန် ၈၀ ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မလေးရှားသို့ တန် ၁၈၀ တင်ပို့ခဲ့ပြီး ယခုအပတ်မှာ တန် ၁၀၀ သာ တင်ပို့ခဲ့တဲ့အတွက် ပုံမှန်တင်ပို့နေတယ်လို့ ဆိုရပါမယ်။ ယခင်အပတ်ကတင်ပို့ခဲ့တဲ့ တရုတ်နိုင်ငံကိုတော့ ယခုအပတ်မှာတင်ပို့နိုင်ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ ယခင်အပတ်က  RSS-3 တစ်တန်လျှင် ဒေါ်လာ ၃၀၂၅ ဖြစ်ပြီး ယခုအပတ်ပေါက်ဈေးမှာ ဒေါ်လာ ၃၀၃၀ ဖြစ်တဲ့အတွက် ယခင်အပတ်နဲ့ကွာဟမှု သိပ်မရှိကြောင်းနဲ့ ရော်ဘာ FOB ပေါက်ဈေးမှာလည်း  RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊  RSS-3 နဲ့  MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀ဖြစ်ပြီး Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်ထားပါတယ်။MIRT (DOBT)