Main menu

Background

မြန်မာ-တရုတ်နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၅၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့

Wed, 12/12/2012 - 05:13 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၃၇၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန်ချိန် ၂၂၈၁ တန်ကျော်ကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာအဆင့်စုံ တန် ၁၆၀၀ ကျော် တင်ပု့ိခဲ့သဖြင့် ယခုအပတ်မှာ တန်ချိန် ၅၀၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် မြန်မာ-ထိုင်းနယ်စပ်မ ှတင်ပို့မှုမရှိခဲ့သော်လည်း မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၄၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၇၇ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၃ ဒသမ ၃၂၅ သန်းတန်ဖိုးရှိ RSS-3 ၆၀၄ တန်ကျော်၊RSS-5 တန်ချိန် ၆၀ ကျော်၊MSR-20 ၄၃၇ တန်ကျော်၊ MSR-50 ၃၇ တန်ခန့်နဲ့ RSS-1 ၆၅ တန်အသီးသီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုအပတ်မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက် ပါတယ်-

မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု             ယခင်      ပြောင်းလဲမှု     %    ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၄၃၀၀၀၀    ၂၅၇၂၈၀၀    ၁၄၂၈၀၀      ၆    ၃၀၄၁    ၃၀၈၁          ၄၀          ၁RSS - 5    ၂၂၉၅၀၀၀    ၂၅၀၅၈၀၀    ၂၁၀၈၀၀      ၉    ၂၉၆၂    ၃၀၀၁          ၃၉           ၁MIRT (DOBT)